မြောက်ကိုရီးယား ဒုံးလက်နက်စမ်းသပ်ချက်အပေါ် တောင်ကိုရီးယား ပြစ်တင်ဝေဖန်

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယားရဲ့ ဒုံးလက်နက်စမ်းသပ်ချက်အပေါ် တောင်ကိုရီးယား ယာယီသမ္မတက ချက်ချင်း ပြစ်တင်ဝေဖန်လိုက်ပြီး တောင်ကိုရီးယားမှာ အမေရိကန်ရဲ့ ဒုံးခွင်းဒုံးဆောက်မယ့် အစီအစဉ်ကို အမြန်ပြီးအောင် လုပ်ဆောင်မယ်လို့ ပြောကြားလိုက်ပါတယ်။ မတ်လ ၆ ရက်နေ့က ဆိုးလ်မြို့မှာလုပ်တဲ့ အမျိုးသားလုံခြုံရေး အစည်းအဝေးအတွင်း အခုလို ပြောကြားလိုက်တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယား ယာယီသမ္မတ ဟွမ်ကျိုအန်းက “နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ မရပ်မနား သတိပေးနေမှုကို မလိုက်နာတဲ့အတွက် မြောက်ကိုရီးယားကို ကျနော် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ နောက်ထပ် ဒုံးလက်နက်အသစ် စမ်းသပ်တာဟာ ကမ္ဘာကြီးကို တိုက်ရိုက်စိန်ခေါ်တာဖြစ်ပြီး ဒါဟာ ပြင်းထန်တဲ့ ရန်လိုနှိုးဆွမှုလည်း ဖြစ်ပါတယ်” လို့ ပြောကြားသွားပါတယ်။ ဒီ့နောက် ဆက်ပြီး “မြောက်ကိုရီးယားရဲ့ ဒုံးလက်နက်ကို ကာကွယ်ဖို့အတွက် အမေရိကန်က တည်ဆောက်မယ့် သက်ဒ် (THAAD) အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အမြန်ပြီးအောင် လုပ်ဆောင်သင့်ကြောင်း” ပြောကြားသွားပါတယ်။ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည် ၄ စင်းကို မတ်လ ၆ ရက် ဒီကနေ့မနက်ပိုင်းက စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အဲဒီအထဲက ဒုံးကျည် ၃ စင်းဟာ မိုင် ၆၀၀ ကျော်အရောက် ဂျပန်အထူးစီးပွားရေဇုန်ထဲကို ကျရောက်ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up