Home
မြန်မာသတင်း
အမြန်လမ်း၌ တရားမဝင်သစ်များ တင်ဆောင်လာသည့်ကား တိမ်းမှောက်
DVB
·
March 6, 2017
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၄၀/၀ နဲ့ ၁ ကြားမှာ တရားမဝင်သစ်တွေ တင်ဆောင်လာတဲ့ ကားတစီးဟာ မတ်လ ၅ ရက်နေ့ ညနေ ၅ နာရီလောက်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်ကို တရားမဝင်(ကျွန်း)သစ်ခွဲသား ဆိုဒ်စုံ ၉၄ ချောင်း (၀ ဒသမ ၇၉) တန်၊ ကာလတန်ဖိုး ၁၁၈၅၉၀ ကျပ် တန်ဖိုးရှိ သစ်တွေ တင်ဆောင်မောင်းနှင်လာတဲ့ SUPER CUSTOM (ခဲရောင်)ယာဉ်အမှတ် 8I/1137 ယာဉ်ဟာ နောက်ဝဲဘီး ပေါက်ပြီး လမ်းလယ်ကျွန်းပေါ်မှာ ပက်လက်လန် တိမ်းမှောက်ခဲ့ပါတယ်။ ယာဉ်မောင်းမှာ ယာဉ်ကိုထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်ကို ဗောဓိကုန်း(အမြန်လမ်း) ရဲတပ်ဖွဲ့စခန်းမှ ယာဉ်(ပ)၄/ ၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၂၀၂ သစ်တောဥပဒေပုဒ်မ ၄၂(ခ)နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေပြီး ယာဉ်မောင်ကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024