Home
မြန်မာသတင်း
လောက်ကိုင်တိုက်ပွဲနှင့် ပတ်သက်ပြီး မိုင်အိုက်ကျော်ပြောကြားချက်
နော်နိုရင်း
·
March 6, 2017
  လက်ရှိကိုးကန့်ဒေသ လောက်ကိုင်မှာ အပြင်းအထန် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်  တီအန်အယ်လ်အေ တအာင်းတပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်အိုက်ကျော်ရဲ့ပြောကြားချက် အပြည့်အစုံ…. “တိုက်ပွဲဖြစ်တာတော့ သိတယ်။ တိုက်ပွဲအသေးစိတ်တော့ မသိရဘူး။ မြောက်ပိုင်းမဟာမိတ်ဆိုတာက ကျနော်တို့က စစ်ရေးအရ ပူးပေါင်းတဲ့အဖွဲ့ MNDAA,AA, KIA, TNLA ပေါ့နော်။ ပြီးခဲ့တဲ့ ၂၀၁၆ နိုင်ဝင်ဘာလလောက်ကစပြီးတော့ စစ်ရေးပူးပေါင်းရေးရာလုပ်တယ်။ မြောက်ပိုင်းမဟာမိတ်ဆိုတော့ ကျနော်တို့ အကုန်စုပေါင်းပြီးမှ တပ်တွေကို စုပေါင်းထားတာမဟုတ်ဘူး။ အကုန်လုံး တပေါင်းတစည်းထဲ မဟုတ်ဘူး။ သူ့တပ်ရင်း၊ ကိုယ့်တပ်ရင်း ဒီတိုင်းပဲနေတယ်။ သူနယ်မြေ၊ ကိုယ့်နယ်မြေမှာ တိုက်တယ်။ အဲလိုမျိုးပုံစံပေါ့။ အခုဟာလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်တဲ့ MNDAA နဲ့ တိုက်ပွဲဖြစ်တယ်ပေါ့။ ” “မူလကတည်းက ကျနော်တို့ အဲလိုမျိုး စုပေါင်းပြီးမှ တိုက်တာလည်း မဟုတ်ပါဘူ။ ဥပမာ ကျနော်တို့ နယ်မြေမှာဆိုရင် ကျနော်တို့နဲ့ဖြစ်တယ်။ ကေအိုင်နယ်မြေဆိုရင် ကေအိုင်အေနဲ့ဖြစ်တယ်။ ဆိုလိုချင်တာက သူများ သဘောပေါက်လွှဲတာက မြောက်ပိုင်းမဟာမိတ်ဆိုရင် ကျနော်တို့အကုန်လုံး စုပေါင်းပြီးမှ သွားပြီး စစ်ဆင်ရေးလုပ်တာတော့ မဟုတ်ဘူး။ သူနယ်မြေ၊ကိုယ့်နယ်မြေ ဒါပေမယ့် စစ်ဆင်ရေးအရတော့ ကျနော်တို့ အပြန်အလှန် သတင်းပေးတယ်။ ပူးပေါင်းတယ်။ ဥပမာ ကျနော်တို့နယ်မြေမှာ ကျနော်တို့တာဝန်ယူတယ်။ တိုက်ပွဲဖြစ်တယ်။ NMDAA နယ်မြေဆိုရင်လည်း သူတာဝန်ယူတယ်။ တိုက်ပွဲဖြစ်တယ်။ အခုဆိုရင်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ဖြစ်တယ်လို့တော့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြောက်ပိုင်းမဟာမိတ်နဲ့စစ်ရေးအရ ပူးပေါင်းတဲ့အဖွဲ့ဖြစ်တယ်။ စစ်ရေးပူးပေါင်းတဲ့ ကာလလည်း ကျနော်တို့ ပြန်မရုပ်သေးဘူး။ ”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024