
[/caption]
ဦးဇော်အေးမောင်ကို မေးမြန်းချက်အရ ပေါက်ကွဲမှုဟာ အတော်ပြင်းထန်လွန်းတယ်လို့ ပြောပါတယ်။ ဒီပေါက်ကွဲမှုဖြစ်စဉ်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အသီးသီးဟာ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်တာကို မြင်တွေ့ရတယ်လို့ သူက ပြောပါတယ်။
ဆေးရုံကြီးမှာ သွေးအကူပေးရေးအဖွဲ့ သွားရောက်ကူညီ
အေးနိုင် ၁၂ နာရီ ၃၀ မေးမြန်းချက်
မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းမှာ ဒီမနက် အရုဏ်မတက်ခင် မီးလောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဒါဇင်နီးပါး သေဆုံးခဲ့ရပြီး လူ ၁၀၀ ခန့် ဆေးရုံပို့ဆောင်ခဲ့ရပါတယ်၊
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဒဏ်ရာရလူနာတွေကို သွေးကူပေးဖို့ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်သွေးအကူပေးရေးအဖွဲ့က ဒေါ်သီတာဝင်းအောင်ကို ဒီနေ့မွန်းလွဲပိုင်းမှာ မေးမြန်းထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မီးလောင်ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ မနက်က သွားရောက်ကူညီခဲ့တဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားအဖွဲ့က ကိုဖြိုးမင်းသိမ်းကို မေးမြန်းထားပါတယ်။
ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားတွေ၊ အမျိုးသားဒီမိုကရေစီ သွေးအကူအညီပေးရေးအဖွဲ့၊ ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတဲ့ အဖွဲ့အစည်းတွေကလည်း ကူညီနေတာ မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ကိုဖြိုးမင်းသိမ်းကို ဒီနေ့ခင်း ၁၂ နာရီ ၁၅ မှာ မေးမြန်းထားပါတယ်။