ဟသာင်္တမြို့တွင် မြေကျင်းတူးရာမှ စစ်ကျန်ဗုံးကြီးများတွေ့
DVB
·
March 5, 2017
ဧရာဝတီတိုင်းဒေသကြီး၊ ဟသာင်္တမြို့ ရွှေကြက်ယက်နဲ့ ပခမ်းကျောင်းတိုက် မြေကျင်းတူရာမှ စစ်ကျန်ဗုံးတွေ တွေ့ရှိခဲ့ပါတယ်။
ရွှေကြက်ယက်ကျောင်းတိုက်မှာ အလေးချိန် ၁ ပိ ဿာ ၈၀ ကျပ်သားရှိ စစ်ကျန်ဗုံးတလုံးကို ဒီနေ့ ၁၁ နာရီလောက်က တွေ့ရှိခဲ့သလို ဟသာင်္တ မြို့ ပခမ်းကျောင်းတိုက်အတွင်းမှာလည်း မွန်းလွဲ ၂ နာရီ ၂၀ လောက်က ခြံစည်းရိုး မြေဖို့ ဖို့ မြေကျင်းတူးရာမှာ အလေးချိန် ၁၄ ပိဿာ ၅၀ ကျပ်သားရှိ စစ်ကျန် ဗုံးတလုံး ထပ်မံတွေ ရှိခဲ့ပါတယ်။
ဟင်္သာတမြို့မရဲစခန်းက မြို့နယ်ရဲတပ်ဖွဲ့မှူး၊ နယ်ထိန်း တပ်ဖွဲ့ဝ၀င်တွေနဲ့ ကြည့်ရှုစစ်ဆေးပြီး ဟသာင်္တ တပ်ရင်း ၁၈ တပ်မတော်ကို အပ်နှံခဲ့တယ်လို့ ရဲအုပ် နေမျိုးလင်းက ဒီဗွီဘီ ကိုပြောပါတယ်။