ကျားသစ်များကို မကြောက်မရွံ့ပြန်တိုက်ခိုက်သည့် အာဖရိကန်တောဝက် (ရုပ်သံ)

အာဖရိကန်တောဝက်တွေက ကျားသစ်တွေရဲ့ အစာပါ။ ဒါပေမယ့် အာဖရိကန် တောဝက်တွေကလည်း ကျားသစ်တွေကို ကြောက်ရွံ့ခြင်းမရှိဘဲ ပြန်လည်တိုက်ခိုက်တတ်ပါတယ်။ ကျားသစ်တကောင်က အာဖရိကန်တောဝက်တကောင်ကို အစာအတွက် ချောင်းမြောင်း အဲဒီနောက် တိုက်ခိုက်သတ်ဖြတ်ဖို့ကြိုးစားပါတယ်။ ဒါပေမယ့် အာဖရိကန်တောဝက်တွေက အပြေးမြန်လို့ ကျားသစ်ကမိအောင် မဖမ်းနိုင်ခဲ့ပါဘူး။ အဲဒီနောက် အာဖရိကန်တောဝက်အုပ်က ကျားသစ်ကို ပြန်လည်တိုက်ခိုက်တဲ့အတွက် ကျားသစ်က  သူတို့ကို ဖမ်းဆီးသတ်ဖြတ်ဖို့ မကြိုးစားတော့ဘဲ လက်လျော့လိုက်ရတာကို ရုပ်သံထဲမှာ မြင်ရမှာပါ။ ရုပ်သံရဲ့ နောက်ထပ်မြင်ကွင်းမှာတော့ အာဖရိကန်တောဝက်တွေက ကျားသစ်ကို စတင်တိုက်ခိုက်ပေမယ့် ကျားသစ်က အာဖရိကန်တောဝက် တကောင်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျားသစ်က တောဝက်ကို စားခွင့်မသာခဲ့ပါဘူး။ ကျားသစ် တောဝက်ကို ပါးစပ်ထဲ ကိုက်ချီထားစဉ် အခြားအာဖရိကန်တောဝက်တွေက ပြန်လည်တိုက်ခိုက်ခဲ့ကြလို့ ကျားသစ်က ပါးစပ်ထဲကိုက်ချီထားတဲ့ အစာကို လက်လွှတ်လိုက်ရပြန်ပါတယ်။ နောက်ရုပ်သံမြင်ကွင်းတွေထဲမှာတော့ အာဖရိကန်တောဝက်တွေက ကျားသစ်အုပ်တွေကို စတင်တိုက်ခိုက်ပုံ တစ်ကောင်တည်းပေမယ့် ဝိုင်းလာတဲ့ တောခွေးတွေကို ပြန်လည်ခြောက်လန့်ပုံတွေ အပါအဝင် အခြားသတ္တဝါကြီးတွေကို ဘယ်ပြန်လည်တိုက်ခိုက်သလဲဆိုတာ တွေ့မြင်ရမှာပါ။ အာဖရိကန်တောဝက်တွေမှာ အစွယ်လေးချောင်းစီရှိပြီး သူတို့ရဲ့ နှာခေါင်း တဖက်တချက်စီမှာ အစွယ် ၂ ချောင်းစီ ရှိတာပါ။ အပေါ်ဖက်က အစွယ်တွေက ပိုမိုရှည်လျားပြီး တဖက်တချက်စီကို ကွေးနေတာပါ သူတို့ရဲ့ အရေပြားကတော့ အမဲရောင် ဒါမှမဟုတ် မီးခိုးရောင်ရှိပြီး အမွှေးတွေ ပါရှိပါတယ်။ သူတို့က မြက်ခင်းပြင်တွေကို နှစ်သက်ပြီး လပေါင်းတော်တော်များများ ရေမရှိတဲ့ ဒေသတွေမှာလည်း နေနိုင်တယ်လို့ သိရပါတယ် အာဖရိကန်တောဝက်တွေကို မြက်ပင်တိုလေးတွေကို စားတတ်ပြီး သူတို့ရဲဒူးခေါင်းတွေက မာကျောပြီး အမွှေးထူထပ်ပါတယ် သူတို့ရဲ့ နှာခေါင်းတွေနဲ့ အစွယ်တွေကို သုံးပြီး သစ်ဥသစ်မြစ်တွေကို တူးဆွနိုင်ပါတယ် သူတို့မှာ အကြားအာရုံနဲ့ အနံ့ခံအာရုံကောင်းပေမယ့် အမြင်အာရုံတွေကတော့ မကောင်းဘူးလို့ သိရပါတယ်။ အသက်အရွယ်လုံးဝကြီးပြီးသား အာဖရိကန်တောဝက်တစ်ကောင်က ၄ ပေကနေ ၆ ပေအထိ ရှည်ပြီး အထီးတွေက ပေါင် ၂၀ ကနေ ၅၀ ထိ အလေးချိန်ရှိပြီး အမတွေထွက် ပိုမိုလေးလံတယ်လို့ သိရပါတယ်။ သူတို့တွေက အလေးချိန် ပေါင် ၁၁၀ ကနေ ၂၆၀ အထိ ရှိတယ်လို့လည်း သိရပါတယ်။ အမြင့်ကတော့ ၂ ပေခွဲလောက်ပဲ မြင့်ပါတယ်။ သားကောင်ကြီးတွေ လိုက်ခြင်းမှ လွတ်မြောက်နိုင်အောင် အာဖရိကန်တောဝက်တွေက ၁ နာရီ မိုင် ၃၀ အထိ ပြေးနိုင်ပြီး တိုက်ခိုက်ဖို့ လိုအပ်လာရင်တော့ သူတို့က သားကောင်ကြီးတွေကို တိုက်ခိုက်တတ်ပါတယ် အခြားသားကောင်တွေနဲ့ တိုက်ခိုက်ချိန်မှာ ကျယ်လောင်စွာ အော်တတ်ကြတယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up