ကလေးမြို့နယ်တွင် တရားမ၀င်ဆီဆိုင်တဆိုင် မီးလောင်
DVB
·
March 5, 2017
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ၅၆ မိုင် တမူးလမ်းမှာ မတ် ၄ ရက်နေ့ မွန်းတည့်ပိုင်းက ဆီဆိုင်မီးလောင်ဖြစ်ပွားခဲ့တယ်လို့ အခင်းဖြစ်နေရာကို ရောက်ရှိခဲ့တဲ့ အထက်ချင်းတွင်း လူငယ်ကွန်ရက်တာဝန်ခံ ဦးကျော်သက်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
အခုမီးလောင်တဲ့ ဆီဆိုင်က တရားမဝင်ဆီဆိုင်ဖြစ်ပြီး အနီးမှာရှိတဲ့ ကျေးရွာကလူတွေ ဝိုင်းဝန်းမီးငြိမ်းခဲ့ကြပြီး မီးသတ်ကားတော့ မရောက်လာဘူးလို့ ဆိုပါတယ်။။
မီးလောင်မှုကြောင့် ဆိုင်ကယ်တစီး၊ စက်ဘီးနဲ့ နေအိမ်တလုံး ဆုံးရှုံးသွားခဲ့ပါတယ်။
ဒီလိုမီးလောင်တွေမဖြစ်အောင် တရားမဝင်ဆီဆိုင်တွေ စစ်ဆေးအရေးယူသင့်တယ်လို့ ဦးကျော်သက်ဝင်းက ပြောပါတယ်။
အောက်ဆန်းမြင့်