ရွန်နီနှင့်မိုဗစ်ခ်ျတို့ အသင်းတွင် ဆက်နေကြရန် မန်ယူနည်းပြ ပြော

မန်ယူနည်းပြ မော်ရင်ဟိုက တိုက်စစ်မှူးတွေဖြစ်တဲ့ ရွန်နီနဲ့ အီဗရာဟီမိုဗစ်ခ်ျတို့က အသင်းမှာပဲ  ဆက်နေစေချင်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူး ရွန်နီကို အသင်းမှာ ရာနှုန်းပြည့် ဆက်နေစေချင်သလို အီဗရာဟီမိုဗစ်ခ်ျကိုလည်း စာချုပ်သက်တမ်းတိုးဖို့ မျှော်လင့်တယ်လို့ နည်းပြ ပြောပါတယ်။ အင်္ဂလန်တိုက်စစ်မှူးကို အသင်းဟောင်း အဲဗာတန်ကလည်း ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဆွီဒင် တိုက်စစ်မှူးဟောင်း အီဗာရာဟီမိုဗစ်ခ်ျအနေနဲ့လည်း မန်ယူနဲ့ နောက်ထပ် ၁ နှစ်စာချုပ် သက်တမ်းတိုး အခွင့်အရေး ရှိနေပါတယ်။ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ယူမှာ စကစားတဲ့ ပြီးခဲ့တဲ့ ဇူလိုင်ကနေ  ၃၈ ပွဲမှာ ၂၆ ဂိုးအထိ သွင်းပေးထားပါတယ်။ နည်းပြ မော်ရင်ဟိုကတော့ လာမယ့်ရာသီသစ်မှာ တိုက်စစ်မှူး နှစ်ယောက်စလုံးကို အသင်းမှာ ဆက်ရှိနေစေလိုတယ်လို့ ဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up