ဂန့်ဂေါမြို့နယ် သစ်တောဆင်စခန်းတွင် ဆင်အမြွှာ မွေးဖွား (ဓာတ်ပုံ)
DVB
·
March 4, 2017
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာနဲ့ ၁၄ မိုင်အကွာမှာရှိတဲ့ သစ်တောဆင်စခန်းမှာ ဆင်မကြီးတကောင်က ဆင်အမြွာလေး မွေးဖွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်မှာ အထီးမွေးဖွားပြီး ၁၁ နာရီ ၃၅ မိနစ်မှာ အစ်မလေးမွေးဖွားခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် သစ်ထုတ်လုပ်ရေးရုံးဌာနမှ သိရပါတယ်။
ဓာတ်ပုံ - သန်းဝင်းနိုင်