Home
မြန်မာသတင်း
တအာင်းတပ်က မိုင်းယုစခန်းအား ၀င်တိုက်၊ အလောင်း ၆ လောင်း တွေ့ဟုဆို
DVB
·
March 4, 2017
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာရှိ မြန်မာ့တပ်မတာ် တပ်မ ၃၃ တပ်စခန်းကို ဒီနေ့မနက်ပိုင်းမှာ တအာင်းပလောင်တပ်မတော်က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်မတော်ဘက်က အလောင်း ၆ လောင်း တွေ့ရှိတယ်လို့ တအာင်းတပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောပါတယ်။ “ကျဆုံးက ကျနော်တို့ဘက်က ၁ ဦး၊ ဒဏ်ရာရတာ ရှိပါတယ်။ ရန်သူဘက်ကတော့ အလောင်း ၆ လောင်းလောက် တွေ့တယ်။ သေနတ် ၈ လက်လောက် သိမ်းဆည်းရမိတယ်။ ၆ နာရီ တိုက်ပွဲပြီးတာနဲ့ ကျနော်တို့က ပြန်ခွာပေးလိုက်တယ်၊ ဒေသခံတွေအပြောအရတော့ အဲဒီစခန်းမှာ အင်အား ၃၀ လောက် ရှိတယ်။” ဒီနေ့မနက် ၃နာရီခွဲလောက်မှာ တအောင်းတပ်က မိုင်းယုလေးစခန်းကို ၀င်တိုက်ခဲ့တာဖြစ်ပြီး မနက် ၆ နာရီလောက်ထိ ၂ နာရီခွဲကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ တအာင်းဘက်က အဆိုအရ အဲ့ဒီစခန်းမှာ တပ်မ ၃၃ နဲ့ ပန်းဆေးပြည်သူ့စစ်တို့ ပူးပေါင်းနေရာယူထားပြီး အနီးနားတ၀ိုက်ကို မူးယစ်ဆေးဝါးတွေ ဖြန့်ဖြူးရောင်းချတယ်၊ အနီးနားရှိ ဒုက္ခသည်စခန်းတွေအထိ မူးယစ်ဆေး ရောင်းချတဲ့အတွက် ဒုက္ခသည်စခန်းနေ ဒေသခံတွေလည်း မူးယစ်ဆေး စွဲကုန်တယ်။ ဒါကြောင့် ဒီစခန်းကို တအာင်းတပ်က ၀င်ရောက်တိုက်ခိုက် ရှင်းလင်းခဲ့တာလို့ သိရပါတယ်။ ဒီနေ့မနက် ၄ နာရီခွဲလောက်က နမ့်ခိုင်တံတားနဲ့ မလှမ်းမကမ်းက အလုပ်သမားစခန်းပေါ် လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် လမ်းလုပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024