Homeရုပျသံ
ကွာရှင်းရန်လာသည့် ဇနီးနှင့်ကလေးကို သေနတ်ဖြင့်ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် (ရုပ်သံ)
ကွာရှင်းရန်လာသည့် ဇနီးနှင့်ကလေးကို သေနတ်ဖြင့်ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် (ရုပ်သံ)
DVB
·
March 3, 2017
ထိုင်းနိုင်ငံအလယ်ပိုင်း နွန်ထပူရီခရိုင် ထိုင်းနွဲ့မြို့နယ်ထဲမှာ ဒီကနေ့မနက်က မြို့နယ်ရုံးကို လာပြီး တရားဝင်ကွာရှင်းဖို့ ရောက်လာတဲ့ ဇနီးမောင်နှံ ၂ ဦး သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပြီး သူတို့ ၂ ဦးအပြင် ၅ နှစ်ရွယ် ကလေးပါ သေဆုံးသွားတယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနွဲ့မြို့နယ်အုပ်ချုပ်ရေးရုံးရှေ့မှာ ဒီကနေ့ မနက် ၁၀ နာရီလောက်က သေနတ်နဲ့ ပစ်ခတ်သေဆုံးမှု ရှိကြောင်း သတင်းကြားသိရတဲ့အတွက် သွားရောက်စစ်ဆေးရာမှာ အုပ်ချုပ်ရေးရုံး ကားပါကင်ထိုးတဲ့ နေရာက ငွေရောင်မာစဒါဆလွန်းကားအနီး သေနတ်ဒဏ်ရာနဲ့ လဲကျသေဆုံးနေသူ အမျိုးသမီးတဦး၊ ကားရဲ့ နောက်ခန်းမှာသေဆုံးနေတဲ့ ၅ နှစ်ရွယ် ယောက်ျားငယ်လေးတဦး၊ ဒဏ်ရာရသူ အမျိုးသား ၂ ဦးတို့ကို တွေ့ရတယ်လို့ ထိုင်းနွဲ့ရဲစခန်း တာဝန်ကျရဲဝန်ထမ်းမှ သတင်းထောက်ကို ပြောပါတယ်။
ဒဏ်ရာရသူအမျိုးသား ၂ ဦးအနက် တဦးမှာ ဆေးရုံမရောက်ခင် လမ်းမှာဘဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ သေဆုံးသူ ၃ ဦးမှာ နိုင်းဆူရဆဒ် နဲ့ နန်းဝနာဝမ် တို့ လင်မယား ၂ ဦးနဲ့ သားဖြစ်သူ ဆုကလစ်ဒီ တို့ဖြစ်ကြကြောင်း၊ သူတို့ လင်မယားကွာရှင်းရန် မြို့နယ်ရုံးသို့ လာကြစဉ်လမ်းမှာ စကားများရန်ဖြစ်ပြီး လင်ယောကျာ်းဖြစ်သူ နိုင်းဆူရဆဒ်က သူ့ဇနီး၊ သားနဲ့ ယောက္ခထီးတို့ကို သေနတ်နဲ့ ဦးစွာပစ်ခတ်ပြီး သူ့ကိုယ်သူလည်း ပြန်ပစ်ခဲ့တာလို့ ဒဏ်ရာရ အမျိုးသား (ယောက္ခထီး)က ပြော သွားပါတယ်။