Home
မြန်မာသတင်း
ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် စည်ပင်ဝန်ကြီးတို့ကို နေပြည်တော်တွင် ဆန္ဒပြ
အောင်ကိုကိုလတ် (နေပြည်တော်)
·
March 3, 2017
  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ စည်ပင်ဝန်ကြီး ဦးမောင်မောင်စိုးတို့ကို နေပြည်တော်မှာ  ဒီကနေ့ လူတချို့က ဆန္ဒပြခဲ့ကြပါတယ်။ အထပ်မြင့် အဆောက်အဦရဲ့ ကြံ့ခိုင်မှုကို စည်ပင်အနေနဲ့ လာရောက်စစ်ဆေးဖို့ ပျက်ကွက်ခဲ့တာကြောင့် နေပြည်တော်မှာ လာရောက်ဆန္ဒပြခဲ့တာလို့ ဆန္ဒထုတ်ဖော်သူ ဦးညီညီထွန်းကပြောပါတယ်။ “တိုက်မှာနေတဲ့ အခန်းနေပြည်သူတယောက်အနေနဲ့ အဲ့ဒီ အဆောက်အဦကြီးရဲ့ခိုင်ခံ့မှု၊ ကြံ့ခိုင်မှု၊ အင်ဂျင်နီယာတွေက လာရောက်တွက်ချက်ပေးပါ။ ငလျင် လှုပ်တုန်းက ပိုပြီးလှုပ်လာတယ်။ စည်ပင်သာယာ အနေနဲ့ လူနေထိုင်လို့ရမရ လာရောက်တွက်ချက် ပေးပါ။ မေတ္တာရပ်ခံစာတွေပို့တယ်။ လာရောက်တွက်ချက်တာ မရှိဘူး။ ဒီအခန်းတွေ တိုးချဲ့တာကို လာရောက်စစ်ဆေးတာ မရှိဘူး။” အထပ်မြင့်တိုက်ခန်းတွေရဲ့ ကြံ့ခိုင်မှုကို စည်ပင်သာယာရေးဝန်ကြီးထံ တင်ပြထားခဲ့ပေမယ့် လာရောက်စစ် ဆေးပေးတာ မရှိသေးတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံကို ထပ်မံ တင်ပြခဲ့ပေမယ့်လည်း လာရောက်စစ်ဆေးအရေးယူမှု မရှိသေးဘူးလို့ ဦးညီညီထွန်းက ပြောပါတယ်။ “ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ဦးဖြိုးမင်းသိန်းနဲ့ စည်ပင်သာယာရေး ၀န်ကြီး ဦးမောင်မောင်စိုးတို့ကို ဆန္ဒပြခြင်းဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးကို လာရောက်တင်ပြတာပါ။ အသိလာပေးတာပါ။ ပြည်သူ့ကို လျစ်လျူရှုတဲ့အကြောင်းကို လာတင်ပြတာပါ။” ဆန္ဒပြသူတွေဟာ နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ ဘုရားကိုးဆူ ဘုရားရှေ့ကနေ ကျောက် တိုင်ကွင်းအထိ ပိုစတာတွေကိုင်ပြီး လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ၂၀၁၆ ဒီဇင်ဘာ ၂၇ ရက်ကလည်း ရန်ကုန်မြို့တော် ခန်းမရှေ့နဲ့ အင်ဂျင်နီယာ အဆောက်အအုံဌာနရှေ့တွေမှာ ဆန္ဒထုတ်ဖော်ခဲ့သေးတယ်လို့လည်း သိရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024