ထိုင်းနိုင်ငံ ပတ္တယားတွင် နိုင်ငံခြားသူ ပြည့်တန်ဆာ ၄၀ ခန့် ဖမ်းမိ

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်းပူးရီးခရိုင် ပတ္တယားကမ်းခြေမှာ ဒီကနေ့မနက်က ပြည့်တန်ဆာလုပ်ငန်း လုပ်နေတဲ့ နိုင်ငံခြားသူ ၃၉ ဦး ဖမ်းဆီးရမိတယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ လာရောက်လေ့ရှိတဲ့ ပတ္တယားကမ်းခြေဒေသ ပိုမိုသန့်ရှင်းရေး၊ ဒုစရိုက်မှု ကင်းစင်ရေးအတွက် ဆောင်ရွက်နေရာမှာ  ဒီကနေ့မနက် ၃  နာရီအချိန်က ဘန်လမွန်မြို့နယ် နောင်ပရီရပ်ကွက် ပတ္တယားတောင်ဘက် ဝေါ့ကင်းစထရိဒ်နိုက်ကလပ်ကနေ ပြည့်တန်ဆာအမျိုးသမီး စုစုပေါင်း ၃၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ချွန်းပူးရီးခရိုင် ရဲတပ်ဖွဲ့ တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။ အဆိုပါ ပြည့်တန်ဆာတွေဟာ  မါဒါကာစက  (Madagascar) နဲ့ ယူဂန္ဓာ (အာဖရိကတိုက်) နိုင်ငံသားတွေဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ ၀င်ရောက်လာကာ ပတ္တယားကမ်းခြေတ၀ိုက်မှာ လာရောက်ကျက်စားနေတာလို့  ချွန်းပူးရီးရဲက ဆက်ပြောပါတယ်။ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို ရဲတပ်ဖွဲ့က စစ်ဆေးရာမှာ တရားဝင်နိုင်ငံကူးလက်မှတ်တွေ ရှိကြပေးမယ့်လည်း ပြည့်တန်ဆာလုပ်ငန်းပါ လုပ်ဆောင်နေတာကို စုံစမ်းသိရှိရကြောင်း၊  ဆက်လက်ပြီး ပတ္တယားဒေသ သန့်ရှင်းရေးအတွက် စစ်ဆေးဖမ်းဆီးမှုတွေ ဆောင်ရွက်သွားဦးမယ်လို့ ချွန်းပူးရီးခရိုင် ရဲအရာရှိက ပြောသွားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up