ဟန်ကျိုးပိုင်ရီအထည်ချုပ်စက်ရုံ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု သတင်းစာရှင်းလင်း

1.4K
ဟန်ကျိုးပိုင်ရီအထည်ချုပ်စက်ရုံမှာ ဖြစ်ပွားနေတဲ့ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို မတ်လ ၃ ရက်နေ့က Orchid Hotel မှာ ကျင်းပနေပါတယ်။
အလုပ်သမားတွေဟာ အလုပ်သမားသမဂ္ဂခေါင်းဆောင်ကို အလုပ်ဖြုတ်တာ၊ အလုပ်ရှင် စိတ်ကြိုက် အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုအဆင့် သတ်မှတ်တာကို ပယ်ဖျက်ပေးဖို့နဲ့ နိုင်ငံခြားသားတွေက ရိုင်းပျစွာ ဆက်ဆံပြီး တိုက်ရိုက်အုပ်ချုပ်တာတွေကို ဖြေရှင်းပေးဖို့အတွက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
ဒီလို တောင်းဆိုနေကြတာကို စက်ရုံပိုင်ရှင်တွေက ဖြေရှင်းပေးခြင်း မရှိသလို အလုပ်သမားဦးစီးဌာန တာဝန်ရှိသူတွေကလည်း အဆင်ပြေအောင် ဖြေရှင်းပေးခြင်းမရှိဘဲ အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေ ရပ်တန့်ပေးဖို့အတွက် တွန်းအားပေးနေတာကြောင့် အခုလို သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။