ဘောလုံးအကယ်ဒမီများအတွက် ပဏာမကစားသမား ၂၀၀ ကို ကွင်းဆင်းရွေးချယ်မည်

1.3K
ရန်ကုန်၊ မန္တလေးနဲ့ ပုသိမ်မြို့တွေက ဘောလုံးအကယ်ဒမီတွေမှာ ဘောလုံးပညာနဲ့ အတန်းပညာတွေ တက်ရောက်သင်ယူခွင့်အတွက် ပဏာမကစားသမား ၂၀၀ ကို မြို့နယ် ၅၂ ခုကနေ ကွင်းဆင်းရွေးချယ်မှာဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းရရှိပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်ထားတဲ့ ဘောလုံးအကယ်ဒမီကျောင်းတွေ တက်ဖို့အတွက် မြန်မာတနိုင်ငံလုံးရှိ မြို့နယ် ၅၂ မြို့နယ်က အသက် ၁၁ နှစ်အောက်နဲ့ အသက် ၁၂ နှစ်အောက် ကလေးတွေကို ရွေးချယ်ရေးအဖွဲ့ လေးဖွဲ့ခွဲကာ ကွင်းဆင်းရွေးချယ်မှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။
ဒါကြောင့် အသက်မှန်ကန်တဲ့ ဘယ်သူမဆို လာရောက်အရွေးခံဖို့ ဖိတ်ခေါ်ချင်ကြောင်း ဆိုပါတယ်။
ပဏာမကစားသမား ၂၀၀ ထဲက နောက်ဆုံးအဆင့်မှာ အသက် ၁၁ နှစ်အောက် (ယူ-၁၁) ကစားသမား ၇၀ နဲ့ အသက် ၁၂ နှစ်အောက် ယူ-၁၂ ကစားသမား ၁၅ ယောက် စုစုပေါင်း ၈၅ ယောက် ရွေးချယ်မှာဖြစ်ပါတယ်။
လာရောက်ရွေးချယ်ခံမယ့် ကစားသမားတွေအနေနဲ့ မှတ်ပုံတင်၊ ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်း၊ မွေးစာရင်းတို့ကို မှန်မှန်ကန်ကန် တင်ပြရမှာဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ မြို့နယ်တွေက အားကစာနဲ့ ကာယပညာရုံးတွေမှာ လျှောက်လွှာတွေ ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။