Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် တောင်သူလယ်သမားအခွင့်အရေး သင်တန်းများ ပို့ချ
DVB
·
March 2, 2017
ဧရာဝတီတိုင်းဒေသကြီးတွင်း မြို့နယ်တွေက တောင်သူလယ်သမားတွေကို မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းက ဥပဒေရေးရာတွေနဲ့ တောင်သူလယ်သမားအခွင့်အရေး သင်တန်းတွေ ဒီနေ့က စတင်ပြီး ၂ ရက်တာ ပို့ချပေးနေပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ၂၆ မြို့နယ်ရှိ လယ်ယာမြေ ပြဿနာအများဆုံး ရှိနေတဲ့ ငြုပ်ကောင်း၊ သာပေါင်း ဓနုဖြူ စတဲ့ မြို့နယ်တွေထဲက (၁၁) နေရာမှာ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ရဲ့ အားနည်းချက်တွေ၊ အားသာချက်တွေနဲ့ တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်မြှင့်တင်ရေး ဥပဒေတွေနဲ့ တောင်သူလယ်သမားအခွင့်အရေးဆိုင်ရာတွေကို ဥပဒေ ပညာရှင်တွေနဲ့ ပူပေါင်းပြီ သင်တန်းပို့ချတာတွေနဲ့ ဆွေးနွေးပွဲတွေကို လုပ်ကိုင် နေကြတာပါ။ “ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေအတွက် ဥပဒေဘောင်အတွင်းကနေပြီး ပြန်လည်ရရှိဖို့ ခုအဖွဲ့က ကူညီမူတွေပေးနေတာပါ။ သင်တန်းပေးရာမှာ သင်တန်းပို့ချတဲ့ တနေရာကို လယ်သမား ခေါင်းဆောင် ၅ ဦးစီ ရွေးချယ်ပြီး တိုင်းဒေသကြီးအစိုးရ၊ တိုင်းလွှတ်တော်တို့နဲ့ ဧပြီ လဆန်းပိုင်းမှာ တွေဆုံ ဆွေးနွေးဖို့တွေကိုပါ စီစဉ်ဆောင်ရွက်နေတယ်” လို့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း ကွင်းဆင်းသင်တန်းပေးတာဝန်ခံ ကိုအောင်ဘိုဘိုထက်က ဒီဗွီဘီကို ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ် ၁၁ မြို့နယ်မှာ တောင်သူလယ်သမားအခွင့်အရေး သင်တန်းတွေ ပြုလုပ်မှာဖြစ်ပြီး တမြို့နယ်ကို ၂ ရက်နှုန်း သင်တန်းပို့ချပေးနေတာဖြစ်ပါတယ်။ သင်တန်းတက်ရောက်သူ  ညောင်တုန်းမြို့နယ် အထရောင်ရွာမှာနေထိုင်တဲ့ ကိုရဲလေးက "ခုသင်တန်းတက်ရောက်လို့ ဥပဒေတွေ၊ လယ်သမားအခွင့်အရေးတွေ၊ နားလည်းမှုရတာတွေနဲ့ ကျေနပ်မှုရှိပြီ။ နောင်လည်း သင်တန်းပို့ချပေးဖို့လိုလားတယ်။ သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်ရနိုင်ဖို့၊ ဥပဒေဘောင်ထဲက လယ်ယာမြေ ပြန်ရဖို့ လုပ်ကိုင်ရမယ်"လို့ ပြောပါတယ်။ သင်တန်းကိုတော့ ၂၀၁၆ ခုနှစ် ၇ လပိုင်း တကြိမ်နဲ့ ၂၀၁၇ ခုနှစ် ၂ လပိုင်းနဲ့ ခု ၃ လပိုင်းမှာ အပြီးသတ်ပို့ချမယ်လို့ သိရပါတယ်။ သတင်း - သန်းထိုက်မြင့်၊ ဓာတ်ပု့ - သူရ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024