Home
မြန်မာသတင်း
ဟူးကောင်းတောင်သူများကို လျစ်လျူရှုမထားရန် အစိုးရထံ တောင်းဆို
ရွှေအောင်
·
March 2, 2017
ကချင်ပြည်နယ်၊ ဟူးကောင်း ဒေသတ၀န်းလုံးကို လွှမ်းခြုံတဲ့ တောင်သူလယ်သမားနေ့ အခမ်အနား ကျင်းပပြုလုပ်ခဲ့ပြီး ဟူးကောင်းတောင်သူတွေကို အစိုးရက လျစ်လျှုရှုမထားဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဟူးကောင်းဒေသတောင်သူများအဖွဲ့က ဦးဆောင်ပြုလုပ်တဲ့ တောင်သူလယ်သမားနေ့ အခမ်းအနားကို ဟူးကောင်းချိုင့်ဝှမ်း ကျေးရွာ ၂၄ ခုက တောင်သူ ၇၀၀ လောက် တက်ရောက်ခဲ့ကြ ပါတယ်။ ဟူးကောင်းတောင်သူလယ်သမားများအဖွဲ့ခေါင်းဆောင် ဦးလရှီးအောင်လတ်က ပါရာဇွပ်ကျေးရွာမှာ ဒီနေ့လုပ်ခဲ့တဲ့ တောင်သူလယ်သမားနေ့အခမ်းအနားက တောင်းဆိုချက်တွေကို ခုလို ပြောပြပါတယ်။ “လယ်ယာမြေသိမ်းဆည်းခံရခြင်းအပေါ် နိုင်ငံတော်အစိုးရက လျစ်လျူရှုထားခြင်း ခံနေရတာကို အစိုးရနဲ့လူအများ သိရှိနိုင်ရန်၊ နောက်ပြီးတော့ ဒေသခံတောင်သူများ ဆုံးရှုံးနစ်နာခဲ့တဲ့ နစ်နာကြေးများ ကို အမြန်ဆုံး ရရှိရန်နဲ့ ကျေးရွာအသီးသီးရှိ တောင်သူအသီးသီး လိုအပ်နေသော မြေများကို ပြန်လည် ရရှိရန် အဲ့ဒါတွေကို ရည်ရွယ်ချက် ရှိတယ်၊ တောင်းဆိုပါတယ်။” ဟူးကောင်းတောင်သူများရဲ့ နစ်နာချက်များကို အစိုးရထံအကြိမ် ၅၀ ထက်မနည်း တောင်းဆိုစာပို့ တောင်းဆိုခဲ့တာလည်း အခုချိန်ထိ လျစ်လျူရှုထားတုန်းပဲလို့ ပြောပါတယ်။ ကချင်ပြည်နယ်၊ ဟူးကောင်းဒေသမှာ ယုဇနကုမ္ပဏီက မြေဧက ၄၅၀၀၀၀ ကျော် သိမ်းယူပြီး စိုက်ပျိုးရေးစီမံကန်းများ လုပ်ဆောင်နေရာမှာ ဒေသခံတောင်သူတွေက ကုမ္ပဏီဟာ လုပ်ငန်းများကို ဟန်ပြလုပ်ဆောင်နေတာလို့ စွပ်စွဲ ပြောဆိုထားပါတယ်။ ဟူးကောင်းဒေသတောင်သူလယ်သမားနေ့ အခမ်းအနားကို ၂၀၁၅ခုနှစ်က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ဒေသတ၀န်းလုံးကို လွှမ်းခြုံကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024