အမေရိကန်တွင် လေဆင်နှာမောင်းနှင့် ဘေ့စ်ဘောအရွယ် မိုးသီးကြီးများကြာင့် ၃ ဦး သေဆုံး (ရုပ်သံ)

3.4K
အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းမှာ လေဆင်နှာမောင်းတွေနဲ့အတူ ဘေ့စ်ဘော ကစားတဲ့ ဘောလုံးအရွယ် မိုးသီးကြီးတွေပါတဲ့ မုန်တိုင်းတွေ အင်္ဂါနေ့က တိုက်ခတ်ခဲ့လို့ လူအနည်းဆုံး ၃ ဦး သေဆုံးပါတယ်။
အိမ်တွေ ပျက်စီးပြီး ဒေသခံ အယောက် ၁ သောင်း ၄ထောင် လောက်လည်း လျှပ်စစ်မီး မရှိဘဲ နေခဲ့ရတယ်လို့ အမျိုးသားမိုးလေဝသဌာနနဲ့ မီဒီယာတွေက အစီရင်ခံပါတယ်။
အင်္ဂါနေ့ ညနေပိုင်းက အီလီနွိုက် မစ်ဆူရီ အိုင်အိုဝါ တဲင်းနက်စီနဲ့ အင်ဒီယားနားပြည်နယ်တွေမှာ လေဆင်နှာမောင်း ၂၃ ခု တိုက်ခတ်သွားတဲ့အကြောင်း လေဆင်နှာမောင်း ပုံရိပ်ဖမ်းသူအဖွဲ့က အစီရင်ခံခဲ့တယ်လို့ အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။
မုန်တိုင်းက အော့တဝါမြို့နားမှာ လေပြင်းနဲ့ ဘော့စ်ဘော ဘောလုံးအရွယ် မိုးသီးတွေ ရွာချ တိုက်ခတ်အပြီး အားပျော့သွားတယ်လို့လည်း ပြောခဲ့ပါတယ်။