Home
မြန်မာသတင်း
ကောလင်းမြို့နယ်တွင် တရားမဝင် သစ်စက်နှင့် သစ်များ ပိုင်ရှင်မဲ့ ဖမ်းမိ
DVB
·
March 2, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် လာကာကြိုးပြင် ကာကွယ်တောမှာ မတ်လ ၁ ရက်နေ့က တရားမဝင် လည်ပတ်နေတဲ့ သစ်စက် ၁ လုံးနဲ့ သစ်လုံးများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ကောလင်းမြို့နယ် သစ်တောဦးစီးအရာရှိ ဦးချစ်လှိုင်က ပြောပါတယ်။ မတ်လ ၁ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန် ကောလင်းမြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူတွေဟာ တရားမဝင် သစ်စက်လည်ပတ်နေကြောင်း သတင်းအရ ကောလင်းမြို့နယ် လာကာကြိုးပြင် ကာကွယ်တော ခန့်မှန်း မြေပုံညွှန်း GB-501260 နေရာကို ဝင်ရောက်ရှာဖွေရာ သစ်ရာ ၂ လုံး (၀ ဒသမ ၂၉၈) တန်၊ ပျဉ်းကတိုး  ၂ လုံး (၀ ဒသမ ၂၃၀) တန်၊ ဂျင်ဒေါင်း ၂၅ ကောင်အင်ဂျင် ၁ လုံး၊ ၂ ပေ ၁၀ လက်မရှိ လွှဝိုင်း ၁ ခု၊ ပေ ၃၀ ရှိ ပတ္တားကြိုး ၁ ချောင်း၊ ၄ ပေရှိ ရှပ်တန်း ၁ ချောင်း၊ အချင်း ၁ ဒသမ ၅ လက်မရှိ ပူလီ ၁ ခုတို့ကို ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တဲ့ သစ်လုံးတွေနဲ့ သစ်စက်ကို ကောလင်းမြို့မရဲစခန်းက သစ်တောဥပဒေအရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024