ဇာဂနာ – ​ခေတ်များ​ကို ဖြတ်သန်း​သောအခါ (အပိုင်း​ ၂)

နိုင်ငံ​ရေး​ပြက်လုံး​တွေနဲ့​ နာမည်​ကျော်ခဲ့​တဲ့​ ဇာဂနာဟာ ဦး​နေဝင်း​ရဲ့​ မဆလ​ခေတ်က​နေ စစ်အစိုး​ရအုပ်ချုပ်တဲ့​ နဝတ၊​ နအဖ​ခေတ်၊​ အခု​နောက်ဆုံး​ ​ရွေး​ကောက်ပွဲအလွန် ဦး​သိန်း​စိန် အစိုး​ရ​ခေတ်အထိ ​ခေတ်တိုင်း​မှာ ​ထောင်ချခံခဲ့​ရသူ ဖြစ်ပါတယ်။ နိုင်ငံ​ရေး​ကို စိတ်ဝင်စား​တဲ့​၊​ နိုင်ငံ​ရေး​အဖြစ်အပျက်​တွေမှာ ထဲထဲဝင်ဝင်ပါခဲ့​တဲ့​ သူရဲ့​ အ​တွေ့​အကြုံ၊​ ခံစား​ချက်​တွေ၊​ အမြင်​တွေကို ဒီဗွီဘီအယ်ဒီတာ ဦး​ခင်​မောင်စိုး​က ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​ကို သူ​ရောက်လာတုန်း​ ​တွေ့​ဆုံစကား​ပြောထား​ပါတယ်။ ဇာဂနာရဲ့​ မဆလ​ခေတ်က​နေ ၂၀၀၇ ​ရွှေဝါ​ရောင်​တော်လှန်​ရေး​ကာလ အ​တွေ့​ အကြုံ​တွေကို ပထမပိုင်း​ အစီအစဉ်မှာ တင်ပြ​ပေး​ခဲ့​ပါတယ်။ ဒုတိယပိုင်း​မှာ​တော့​ ​ထောင်က ပြန်လွတ်လာတဲ့​နောက် လက်ရှိ မြန်မာပြည်နိုင်ငံ​ရေး​အ​ပေါ် သူဘယ်လိုမြင်လဲ၊​ အနုပညာနဲ့​ နိုင်ငံ​ရေး​ဟာ သူ့​ဘဝမှာ ဘယ်​လောက်အ​ရေး​ပါသလဲ၊​ အနုပညာသမား​တ​ယောက်ဟာ နိုင်ငံ​ရေး​အ​ပေါ် ဘယ်လိုခံယူထား​သင့်​လဲ - စတဲ့​ ဇာဂနာရဲ့​ အယူအဆ​တွေကို ​ဆွေး​နွေး​ထား​ကြပါတယ်။ အဲဒီ (​ရွှေဝါ​ရောင်​တော်လှန်​ရေး​) မှာ တခါ အဖမ်း​ခံခဲ့​ရတယ်။ ဘယ်​လောက်ကြာလဲ။ “တလနည်း​ပါး​ပေါ့​။ ၂၈ ရက်​ပေါ့​။” အဲဒီက​နေတခါ ကျ​နော်တို့​ ကမ္ဘာတခုလုံး​ အုန်း​အုန်း​ကျွက်ကျွက် ဖြစ်သွား​ရတဲ့​ ​နောက်တပွဲက နာဂစ်မုန်တိုင်း​။ နာဂစ်မုန်တိုင်း​မှာလည်း​ ကိုသူရက အလှူ​တွေသွား​ပေး​၊​ ဂို​ဒေါင်ကြီး​ တလုံး​ထဲမှာ ပစ္စည်း​တွေ မ​နေတဲ့​ပုံ​တွေနဲ့​ ပြန်​တွေ့​ရ​တော့​ အဲဒီတုန်း​က​ကော ဘယ်လို စိတ်ခံစား​ချက်နဲ့​ ဦး​ဆောင်ခဲ့​တာလဲ။ “မဟုတ်ဘူး​ဗျ။ ခုနတုန်း​က ​ပြောသလို စိတ်ခံစား​မှု​ကြောင့်​လို့​ပဲ ​ပြောရဦး​မှာပဲ။ ဘာလို့​လဲဆို​တော့​ ကျ​နော်အိမ်မှာ တ​ယောက်တည်း​၊​ ကျ​နော့်​အ​ပေါ်ထပ်အခန်း​မှာ တခန်း​လုံး​ ဂြိုဟ်တုစ​လောင်း​ အကုန်လုံး​ ပြုတ်ပျက်ထွက်ပြီး​တော့​ အိမ်ထဲကိုလည်း​ ​ရေ​တွေဝင်ပြီး​ ခပ်ထုတ်​နေရတယ်။ ဆို​တော့​ ကျ​နော့်​မှာ စိတ်ကူး​တခုရတယ်။ ငါတို့​ ရန်ကုန်မှာ ဘယ်​လောက်မှလည်း​ ကြီး​ကြီး​ကျယ်ကျယ် ဖြစ်တာမဟုတ်ဘူး​။ ဒါဆိုရင် ဟိုး​တကယ်ဖြစ်တဲ့​ ​နေရာ​တွေမှာ မြစ်ဝကျွန်း​ပေါ်​ဒေသမှာ ဘယ်​လောက်ထိများ​ ဖြစ်မလဲ။ ဖြစ်ဖြစ်ပြီး​ချင်း​ ​နောက်တ​နေ့​ အဲလိုစိတ်ကူး​ရတယ်။ ရ​တော့​ ဘယ်သူမှမ​ပြောဘဲ ဦး​အောင်လွင်နဲ့​ သွား​ရ​အောင်ဆိုပြီး​၊​ လမ်း​တွေပိတ်လည်း​ ပိတ်တဲ့​နေရာက ဖြတ်ကွာဆိုပြီး​ ဆင်း​ချသွား​တာ။ ဖျာပုံ​ရောက်သွား​တယ်။ ​တော်​တော် ခက်ခက်ခဲခဲ သွား​ရတာ။ ​မော်​တော်ကား​မရှိ ဆင်း​လျှောက်​ပေါ့​။ ​လှေ၊​ ဘုတ်​တွေနဲ့​သွား​ပေါ့​။ သစ်ပင်​တွေကလည်း​ အကုန်လဲ။ တကယ် တခါမှမ​တွေ့​ဘူး​တဲ့​ မြင်ကွင်း​ကို မြင်လိုက်ရ​တော့​ ကျ​နော့်​တသက်နဲ့​ တကိုယ် အတုန်လှုပ်ဆုံး​ပဲ။ အဲဒီအချိန်မှာ ဖျာပုံက​နေ ​ဂွေး​ကုန်း​ အဲဒီက စပါး​ဒိုင်​တွေရှိတာ​ပေါ့​။ အဲဒီဘက်ကို ကျ​နော်​ရောက်သွား​တာ၊​ အဲဒီ​နေရာလည်း​ ​ရောက်​ကော ဂွကြီး​ချောင်း​ထဲကို ​ရောက်သွား​တယ်။ အဲဒီ​ချောင်း​ထဲကို ​ရောက်လည်း​သွား​ရော၊​ ဝင်လို့​ကိုမရ​တော့​ဘူး​။ အ​လောင်း​တွေက။ အဲဒါဖြစ်ပြီး​ ဒုတိယရက်ပဲ။ ၃ ရက်​နေ့​ည​နေမှာ ကျ​နော်​ရောက်သွား​တာ။ စိတ်ထဲမှာ ခံစား​ရတာ။ ချက်ချင်း​ပဲ ဒီလူ​တွေကို ငါတို့​ဘာလုပ်​ပေး​နိုင်မလဲ။ အဲဒီရွာ​လေး​တရွာ​ရောက်တယ်​ပေါ့​။ ဝင်သွား​တော့​ ဂွကြီး​ချောင်း​ထဲမှာ ​ရောက်​တော့​ ဘာဖြစ်သွား​လည်း​ဆို​တော့​ ရွာမှာ လူကိုမရှိ​တော့​ဘူး​။ အဲဒီမှာ ​တွေ့​တဲ့​လူ​တွေက ​တွေ့​တွေ့​ချင်း​ ငိုယိုပြီး​ ရူး​မတတ် ဘုန်း​ကြီး​တပါး​ကလည်း​ သွက်သွက်ခါ ရူး​နေတယ်။ ​ရေလည်း​မရှိဘူး​။ ဒီလူ​တွေ ​ရေမရှိရင် ​သေကုန်​တော့​မှာပဲ ဆိုပြီး​တော့​ ကျ​နော်တို့​မှာပါတဲ့​ ​ရေ​တွေကို​ပေး​ပြီး​ မြို့​ပြန်ဖို့​လုပ်တယ်။ အဲဒီမှာ စိတ်ထဲမှာ ​တော်​တော် ထိခိုက်သွား​တယ်။ ဒီတိုင်း​ထား​လို့​ မဖြစ်ဘူး​ဆိုပြီး​တော့​ ရှိတာ​လေး​နဲ့​ လုပ်မှပဲဆိုပြီး​ ချက်ချင်း​ ရန်ကုန် ​ရောက်​အောင်ပြန်၊​ ကျ​နော်ပစ္စည်း​တွေ ရ​အောင်စု၊​ ကျ​နော့်​မှာ တယ်လီဖုန်း​ ၂ လုံး​ရှိတယ်။ ​ရောင်း​ချပြီး​တော့​ အဲဒီရတဲ့​ငွေနဲ့​ ​ရေ​တွေဝယ်၊​ ရသမျှဝယ်ပြီး​ ပြန်သွား​။ အဲလိုလုပ်ပြီး​ သူငယ်ချင်း​တွေ၊​ အရိုင်း​တို့​အား​လုံး​ကို ကူညီကြဖို့​၊​ အနုပညာသည်​တွေကို ကူညီဖို့​ ​လျှောက်တိုက်တွန်း​တယ်။ ​လျှောက်​ပြောပြီး​တော့​ ပစ္စည်း​တွေယူပြီး​ သွား​ပို့​တော့​ ကျ​နော်တို့​ကို ပိတ်ဖမ်း​ရော။ ခင်ဗျား​တို့​ ဘာလို့​ဖမ်း​တာလဲ၊​ ဘာလို့​ပေး​မသွား​ရတာလဲ၊​ အခု ကျ​နော်တို့​ မြန်မာလူမျိုး​တွေ ဒုက္ခ​ရောက်​နေတာ။ ကျ​နော်တို့​ ဗမာ ဗမာချင်း​ အဲဒီလူ​တွေ ​ရေငတ်ပြီး​ ​သေကုန်မယ်။ မစား​ရဘဲ ​သေကုန်မယ်။ အဲလိုကြည့်​နေမလား​၊​ ကျ​နော်တို့​ အရင်ကူညီမယ်။ ခင်ဗျား​တို့​ရောက်ပြီး​ပြီလား​ဆို​တော့​။ အဲလို အရမ်း​ အတိုက်အခံ​တွေ ဖြစ်ရပြီး​တော့​မှ ဖမ်း​ချင်လည်း​ဖမ်း​၊​ ပစ်သတ်ချင်လည်း​ ပစ်သတ်ဆိုပြီး​တော့​ ​သေနတ်​တွေနဲ့​ ချိန်ထား​တယ်။ ​ဘေး​က​နေ ​မော်​တော်ဘုတ်နဲ့​ လိုက်ပြီး​တော့​ ​လော်စပီကာနဲ့​ လိုက်ခြိမ်း​ခြောက်တယ်။ ခြိမ်း​ခြောက် ခြိမ်း​ခြောက် ပစ်သတ်ချင်သတ်၊​ အဲဒီရွာထဲကို ငါဝင်တယ်ဆိုပြီး​တော့​ ဝင်သွား​တာ ကျ​နော့်​မှာ ​တော်​တော် စိတ်ပျက်ပါတယ်။ လွှတခုနဲ့​ လဲ​နေတဲ့​ သစ်ပင်​တွေဖြတ်၊​ ကျ​နော်နဲ့​ ဘကြီး​အောင်တို့​နဲ့​ အဲဒါရှင်း​၊​ ရှင်း​ပြီး​ဝင်။ “လူ​တွေက ကျ​နော်တို့​ကို ​တွေ့​လည်း​တွေ့​ရော မိုး​ပေါ်က ကယ်တင်ရှင်ကြီး​တွေ လာသလို၊​ သူတို့​မျက်နှာ​တွေ ဘယ်​တော့​မှမ​မေ့​ဘူး​။ ကျ​နော်တို့​လူမျိုး​ကို သနား​လိုက်တာ။ သူတို့​ရွာမှာ အရင်တုန်း​က စပါး​ဒိုင်​တွေနဲ့​ ငါး​ဒိုင်​တွေနဲ့​ အရမ်း​ချမ်း​သာလို့​ သူတို့​အိမ်ကို ကျ​နော်တို့​ အလည်သွား​ခဲ့​ရင် သူတို့​က ပုစွန်ဆီနဲ့​ ထမင်း​နယ်​ကျွေး​တာ။ ပုစွန်ဆီနဲ့​ အိမ်​ရှေ့​မှာ ဒီတိုင်း​ချ​ပေး​ထား​တာ။ ဆရာကြိုက်သ​လောက် စား​သွား​၊​ သိသိ မသိသိ၊​ အဲလို​နေတဲ့​လူ​တွေက အခု​နေစရာ အိမ်မရှိတဲ့​အပြင် ​သောက်စရာ ​ရေလည်း​မရှိဘူး​။ ဒုက္ခ​တွေ​ရောက်​နေတာ။ ကျ​နော်တို့​ ​ပေး​တာ​တွေက တကယ့်​တကယ် မလုံ​လောက်ဘူး​။ မစို့​မပို့​လေး​တွေ၊​ အဲဒါ​လေး​ကို ကျ​နော်တို့​ ​ပေး​လိုက်ရတယ်။ စိတ်ထဲမ​ကောင်း​ဘူး​။ အဲလိုလူ​တွေကို ​ပေး​ရတယ်။ ​လောက်မှ မ​လောက်ငတာ။ “ဒီ​လောက်နဲ့​တော့​ မပြီး​ဘူး​။ အဲ့​တော့​ ပြန်လာတာ၊​ ပြန်လိုက်​နှောင့်​ယှက်တာပဲ။ ဘာလို့​လဲ ကိုယ့်​လူကိုယ်​ပေး​တာကို၊​ သူတို့​က သူတို့​ကယ်ဆယ်​ရေး​လည်း​ မလာ၊​ ဘာမှလည်း​မလုပ်၊​ မ​ပေး​ရဘူး​ဆို​တော့​ ​ပေး​တယ်ကွာဆိုပြီး​ ​နောက်ဆုံး​ ရုပ်ရှင်သမား​တွေပါ ကျ​နော်အကုန်​ခေါ်ပြီး​တော့​ လမ်း​ပိတ်လည်း​ ​ဖောက်ထွက်တယ်ဆိုပြီး​ တန်း​စီပြီး​ ကား​ကြီး​တွေနဲ့​ထွက်တာ ကျ​နော်တို့​ ​နောက်တကြိမ်ထပ်ထွက်​တော့​ ကား​ ၂၁ စီး​။ အဲဒါကိုတား​တယ်။ ဖြုတ်တယ်။ ဖယ်ခိုင်း​တယ်။ ဗိုလ်မှူး​ကြီး​ ဒုဗိုလ်မှူး​ကြီး​ အဲဒီလူကို မှတ်မိ​သေး​တယ်။ ကိုဇာဂနာတဲ့​ ခင်ဗျား​ကို ​တောင်း​ပန်ပါတယ်။ ခင်ဗျား​ ဒီလမ်း​က​နေ မသွား​ပါနဲ့​၊​ ဒီတလမ်း​ပဲ ရှိလို့​ ဒီတလမ်း​ပဲ သွား​ရမှာ။ ခင်များ​မ​ကျေနပ်လည်း​ ပစ်သာသတ်လိုက်​တော့​ ကျ​နော်တို့​ အဲဒီကို သွား​မှာပဲ။ ကျ​နော်တို့​ ပိတ်တယ်ဆိုပြီး​ ​ပြောတယ်။ ပိတ်လည်း​ဝင်မယ်ဗျာ ဆိုပြီး​တော့​ အဲလိုနည်း​တွေနဲ့​ ​ဒေး​ဒရဲလည်း​ ​ရောက်တယ်၊​ ကွမ်း​ခြံကုန်း​လည်း​ရောက်တယ်၊​ ဖျာပုံလည်း​ရောက်တယ်၊​ လပွတ္တာက ​ဝေဠု​ကျော်တို့​ ​ရောက်သွား​တယ်။ ဘိုက​လေး​လည်း​ရောက်တယ်။ ကျ​နော်တို့​ ကိုယ်တိုင်​ရောက်တာ။ ကျ​နော်က ​ရှေ့​က။ အရမ်း​သွား​နေရင် ​နောက်မှာ ပစ္စည်း​စုတဲ့​လူ ခက်မှာ​ကြောက်တဲ့​အတွက် ကျ​နော်က ​နောက်တန်း​ကို ပြန်​ရွှေ့​ပြီး​တော့​ ဦး​အောင်လွင်၊​ ငှက်​ပျော်​ကြော်၊​ အရိုင်း​တို့​ကို ​ရှေ့​သွား​။ သူတို့​ဦး​ဆောင်ပြီး​ အနုပညာသည်​တွေ အများ​ကြီး​ထွက်ပါတယ်။ ဒါ​တွေ အကုန်လုံး​လည်း​ သိပါတယ်။ အဲဒီလူ​တွေ အကုန်လုံး​က ဘာစိတ်နဲ့​မှ မဟုတ်ဘူး​။ ဗမာ ဗမာချင်း​ ဒီ​လောက် ဒုက္ခ​ရောက်​နေတဲ့​အချိန် မကြည့်​ရက်တဲ့​ စိတ်ပါ။ ​နောက်ဆုံး​ သူတို့​ ပြန်​လျှော့​သွား​တယ်။ ဒါ​ပေမယ့်​ မကြိုက်ဘူး​။ အထူး​သဖြင့်​ ကျ​နော့်​ကို အမြင်အကပ်ဆုံး​ အချိန်က​တော့​ ဘိုက​လေး​မှာပဲ။ ဘာလို့​လဲဆို​တော့​ အဲဒီ​နေ့​ညက ကျ​နော်တို့​ ​ရေထဲက​နေလာ​တော့​ အဲဒီမှာ ရှင်ဥပဂုတ္တ ရှိတဲ့​နေရာ​ပေါ့​။ မိန်း​မလှကျွန်း​လား​ မသိဘူး​။ အဲဒီမှာ မိ​ကျောင်း​တွေ လွတ်​နေတယ်ဆိုပြီး​ ​ရေထဲမှာ ​မော်​တော်ဘုတ်နဲ့​ မီး​နဲ့​ထိုး​ပြီး​တော့​ အခုချက်ချင်း​ ဒီ​နေရာက ထွက်ပါဆိုပြီး​ အဲလိုမျိုး​လိုက်လုပ်တာ။ ကျ​နော်တို့​မှာ ​ရေထဲမှာ ညကြီး​မိုး​ချုပ် ​သေသွား​ရင် ​သေသွား​နိုင်တယ်။ သူတို့​တိုက်လိုက်ရင်လည်း​ ​သေသွား​မှာပဲ။ မထွက်နိုင်ဘူး​လေ။ ဟိုမှာလူ​တွေက ​စောင့်​နေတာ။ ကျ​နော်တို့​က ပစ္စည်း​ပေး​ရမယ်။ ဆန်​တွေပါလာတယ်။ ကျ​နော်တို့​က စနစ်တကျ ဖြစ်လာတာ​ပေါ့​။ ရက်ပိုင်း​အတွင်း​ စနစ်တကျဖြစ်​အောင် လုပ်တာ။ ဆရာဝန်အဖွဲ့​တွေ ပါလာတယ်။ ​ဆေး​ကုတဲ့​အဖွဲ့​တွေ ပါလာတယ်။ ယုတ်စွအဆုံး​ ​ဒေါက်တာ​ဇော်စိန်လွင်တို့​လို စိတ်ဆရာဝန်​တွေ ပါလာတယ်။ အဲဒီစိတ်ဆရာဝန်​တွေပါ လူ​တွေကို သနား​ကုန်တယ်။ ​နောက်ဆုံး​ မီး​စက်​တွေပါလာတယ်။ ကိုဧရာတို့​ အဖွဲ့​တွေနဲ့​ လူ​တွေကို စိတ်ဓာတ်ပိုင်း​ဆိုင်ရာ ​ပျော်ရွှင်မှုဖြစ်​အောင် ဂစ်တာ​တွေတီး​။ သီချင်း​တွေဆို၊​ သူတို့​နဲ့​ အတူတူ ဝင်အိပ်တာ။ အဲ​တော့​ သူတို့​ စိတ်ပိုင်း​ဆိုင်ရာ အား​ပေး​ဖေး​မမှု ရတယ်။ “​နောက်တခု သူတို့​ ဒီအတိုင်း​နေရင် ပျင်း​မှာစိုး​လို့​ ဆယ်မျိုး​စုံ အထုတ်တထုတ် သူတို့​ကို အလုပ်လုပ်ခိုင်း​တယ်။ အလွယ်တကူ စား​လို့​ရတဲ့​ တိုင်​ထောင်ပဲတို့​၊​ ကန်စွန်း​တို့​၊​ ချဉ်​ပေါင်တို့​၊​ မျိုး​စေ့​တွေနဲ့​ ဆူး​တွေ ဘာ​တွေနဲ့​ တအိမ်​ထောင် တထုတ် ချက်ချင်း​စိုက်၊​ ကျ​နော်တို့​ သူတို့​နဲ့​ ​ရောပြီး​ ဝင်စိုက်၊​ အဲ့​လိုလုပ်​ပေး​တဲ့​ဟာ​တွေ အဲဒီဟာကို သူတို့​ထွက်ခိုင်း​ပြီး​တော့​ မထွက်လို့​။ သူတို့​ထွက်ခိုင်း​တာကလည်း​ အ​ကြောင်း​က ရှိတယ်။ အဲဒီအချိန်မှာ ရန်ကုန်က​နေ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ကလူ​တွေ လွှတ်ပြီး​တော့​ ဘိုက​လေး​က ရွာထဲမှာ လာပြီး​တော့​ camp ကြီး​ တခုလုပ်မယ်။ ဂြိုဟ်တု စ​လောင်း​တွေ ဘာ​တွေ တပ်တာ။ ကျ​နော်တို့​ အဲဒီမှာရှိ​နေရင် သူတို့​အလုပ်လုပ်ရတာ အ​နှောင့်​အယှက် ဖြစ်တယ်ဆိုပြီး​ ​မောင်း​ထုတ်တာ။ အဲ​တော့​ ပြန်လည်း​ ​ရောက်​ရော အဖမ်း​ခံရတာပဲ။” အဲဒီကဖမ်း​ပြီး​တော့​ အခုပြန်လွတ်တာ​။ တောက်​လျှောက် ကိုသူရရဲ့​ လူရွှင်​တော်ဘဝက​နေ စလိုက်တာ ဖမ်း​ဆီး​ခံရမှု​ပေါင်း​က အကြိမ်​ပေါင်း​ ဘယ်​လောက်များ​လဲ။ “​ထောင်ထဲ​ရောက်တာ​တော့​ ၄ ကြိမ်​ပေါ့​။ အဖမ်း​ခံရတာ ၅ ကြိမ်၊​ ဟိုး​ပထမဆုံး​ ကျ​နော်​ပြောတဲ့​ ၈၆ ခုနှစ်က ပုသိမ်မှာ အဖမ်း​ခံရတဲ့​ ဟာကိုပါ ထည့်​တွက်မယ်ဆိုရင် အဲဒါက ​ထောင်ထဲမ​ရောက်ဘူး​။ အချုပ်ခန်း​တော့​ ​ရောက်သွား​တယ်။ အဲဒါက​တော့​ ၁ ကြိမ်​ပေါ့​။ ​ထောင်ထဲ​ရောက်တာ​တော့​ ၄ ကြိမ်ပါ။” လူ​တွေကို ​ပျော်ရွှင်​အောင် ရယ်စရာ၊​ ​မောစရာ​တွေ လုပ်ခဲ့​တဲ့​ ဒီလူရွှင်​တော် တ​ယောက်ရဲ့​ ဖြတ်သန်း​မှုက တော်​တော်ကြမ်း​တမ်း​တယ်လို့​ ​ပြောရမှာ​ပေါ့​။ အဲ​တော့​ ကျ​နော် ကိုသူရ ​နေရာက​နေ ပြန်စဉ်း​စား​ကြည့်​တဲ့​အခါ ကိုသူရ မိဘ​တွေကလည်း​ ဒီအလုပ်ကို မလုပ်ပါနဲ့​၊​ ငါ့​သား​လေး​ ဆရာဝန် တင့်​တောင့်​တင့်​တယ် လုပ်ပါဆိုပြီး​ ​ပြောတဲ့​ကြား​ထဲက​နေ ကိုသူရကလည်း​ ဒါ​တော့​ ငါလုပ်မယ်ဆိုပြီး​ လုပ်ခဲ့​တယ်။ အိမ်​ထောင်​တွေကျ​တော့​ အိမ်​ထောင်သည်က​တော့​ ဘယ်လို​ပြောမယ် မသိဘူး​ပေါ့​နော်။ အဲလိုဖြတ်သန်း​လာ​တော့​ ​ထောင်​တွေကျတဲ့​အခါ ကိုသူရက မိသား​စုနဲ့​လည်း​ပဲ တကွဲတပြား​စီ ​နေရတယ်။ အဲလို​နေ​တော့​ ဒီမြစ်ကြီး​နား​ထောင်အထိ ​ရောက်တယ်။ တကယ်ကြမ်း​တမ်း​တဲ့​ မြို့​ပါပဲ။ ​ဝေး​လည်း​ဝေး​ပါတယ်။ အဲဒီတုန်း​က ကိုယ့်​မိသား​စုအတွက် ဘယ်လိုများ​ ပြန်စဉ်း​စား​မိလဲ။ “အဲဒီအတွက်က​တော့​ ကျ​နော့်​မိန်း​မကိုလည်း​ ​ကျေး​ဇူး​တင်ပါတယ်။ ဘာလို့​လည်း​ဆို​တော့​ ကျ​နော်​ထောင်ကျတဲ့​အခါတိုင်း​မှာ သူကရုန်း​ကန်ခဲ့​ရတယ်။ ​တော်​တော်ပင်ပန်း​စွာ ရုန်း​ကန်ခဲ့​ရတယ်။ ​နောက် အထူး​သဖြင့်​ ၈၈ ကဟာမျိုး​ ကျ​နော်​ထောင်ထဲ​ရောက်သွား​ချိန်မှာ ကျန်ရစ်ခဲ့​တယ်။ အဲဒီအချိန်မှာ ကျ​နော့်​သား​က လသား​လေး​ ရှိ​သေး​တယ်။ ၁၉၉၀ မှာ ဒုတိယအကြိမ် အဖမ်း​ခံရ​တော့​ ကျ​နော့်​သမီး​ကို ​မွေး​ဖို့​ ကိုယ်ဝန်ကြီး​နဲ့​ ဆို​တော့​ ဘယ်သူ့​အကူအညီမှ မရဘူး​။ အဲဒီတုန်း​ကလည်း​ မြန်မာပြည်မှာ အင်မတန် အံ့​အား​သင့်​ဖို့​ကောင်း​တယ်။ နိုင်ငံ​ရေး​သမား​ဆိုတဲ့​ လူ​တွေနဲ့​ နိုင်ငံ​ရေး​အမှုနဲ့​ ​ထောင်ကျတယ်ဆိုတဲ့​ လူ​တွေကို အနူလိုလို၊​ ဝဲစား​လိုလို သ​ဘောထား​ပြီး​ မထိချင်ဘူး​။ ဘယ်သူမှ အ​ပေါင်း​အသင်း​မလုပ်ဘူး​။ ဆို​တော့​ ကျ​နော့်​မိန်း​မလည်း​ ​တော်​တော် ရုန်း​ကန်ရရှာပါတယ်။ ​နောက်ဆုံး​ပိတ် မင်း​သမီး​တွေရဲ့​ ထဘီ​ခေါက်၊​ ဖိနပ်​ကောက်ရတဲ့​ အလုပ်​တောင် သူဝင်လုပ်ခဲ့​ရရှာတယ်။ ​ကျေး​ဇူး​တင်ပါတယ်။ သူတို့​ ရဲရဲရင့်​ရင့်​နဲ့​ ကျ​နော်တို့​နောက်က​နေ အ​ထောက်အပံ့​ပေး​တဲ့​ အတွက်လည်း​ ကျ​နော်​ရှေ့​က​နေ လုပ်ရဲသင့်​တာ​တွေ လုပ်ရတာ​ပေါ့​။ အခု​တော့​ ၂ဝဝရခုနှစ် ကျ​နော် ​ထောင်ထဲ​ရောက်တယ်။ ၂၀၀၈ ခုနှစ်​ထောင်ထဲ​ရောက်တယ်။ အဲဒီအချိန်မှာ​တော့​ သူက ကျ​နော်နဲ့​အ​ဝေး​ကို ​ရောက်​နေကြတယ်။ သား​ရော သမီး​ရော ကျ​နော့်​မိန်း​မ​ရော။ အ​မေရိကား​ကို ​ရောက်​နေတယ်။ အဲဒီအခါမှာ ကျ​နော့်​အ​နေနဲ့​ ကျ​နော့်​စိတ်ထဲမှာ ​တော်​တော်ကင်း​တယ်။ မိသား​စုနဲ့​ ပတ်သက်တဲ့​ကိစ္စ၊​ ဘာ​ကြောင့်​လဲဆို​တော့​ သူတို့​ရပ်တည်​နေနိုင်ပြီ။ သူတို့​အတွက် ဖန်တီး​ပေး​ပြီး​ပြီ။ ကျ​နော့်​သား​အတွက်၊​(သို့​မဟုတ်) ကျ​နော့်​သမီး​အတွက် ကျ​နော့်​မိန်း​မ သူ့​ဟာနဲ့​သူ ရှာစား​နေနိုင်ပြီ။ သား​တွေသမီး​တွေအတွက် ဖန်တီး​ပေး​နိုင်ပြီ။ ဆို​တော့​ ကျ​နော့်​ သား​သမီး​ကဲ့​သို့​ ကျ​နော် မဖန်တီး​ပေး​နိုင်တဲ့​ မြန်မာနိုင်ငံမှာရှိတဲ့​ ကျ​နော့်​သား​သမီး​တွေ အများ​ကြီး​ရှိ​သေး​တယ်။ အဲဒီလူ​တွေအတွက် ကျ​နော်ဘာ​တွေ ဖန်တီး​ပေး​ရဦး​မလဲ ဆိုတဲ့​စိတ်က တမျိုး​ပြန်ဝင်သွား​တယ်။ ဆိုပါ​တော့​ ကျ​နော်​ထောင်ထဲ​ရောက်​နေ​တော့​ ကျ​နော့်​သား​က ဓာတ်ပုံရိုက်ပို့​တယ်။ ကျ​နော့်​သမီး​က ဓာတ်ပုံရိုက်ပို့​တယ်။ ကျ​နော့်​စိတ်ထဲမှာ ဘာဖြစ်သွား​လည်း​ဆို​တော့​ သူတို့​က ​ပျော်​နေတယ်။ သူတို့​က ဘွဲ့​ဝတ်စုံ​တွေ၊​ ဝတ်ပြီး​တော့​ စိန့်​နိုဂဲလ်လား​၊​ အဲဒီ​ကျောင်း​က ဝတ်စုံကြီး​တွေနဲ့​ ဘွဲ့​ယူ​နေတယ်။ သူတို့​တွေက ​ပျော်​နေတယ်။ ကျ​နော့်​အ​နေနဲ့​ ဘာသွား​ စဉ်း​စား​မိလဲဆို​တော့​ ကျ​နော့်​သား​နဲ့​ ရွယ်တူဖြစ်တဲ့​ ဒီငြိမ်း​လင်း​ ​ထောင်ထဲမှာ၊​ အာကာဗိုလ် ​ထောင်ထဲမှာ၊​ ဖြိုး​ဖြိုး​အောင် ​ထောင်ထဲမှာ၊​ ကျ​နော့်​သမီး​နဲ့​ ရွယ်တူဖြစ်တဲ့​ နိုနို ​ထောင်ထဲမှာ။ ငါ့​သား​သမီး​တွေက အ​မေရိကား​လို နိုင်ငံမှာ သွား​ပြီး​တော့​ ​ကျောင်း​စာ​တွေသင်လို့​၊​ ဒီမှာ ဒီက က​လေး​တွေက​တော့​ တိုင်း​ပြည်နဲ့​ လူမျိုး​အတွက် အလုပ်ဝင်လုပ်ရင်း​နဲ့​ ​ထောင်ထဲမှာ ပညာ​ရေး​တွေလည်း​ ဆုံး​ခန်း​မတိုင်​သေး​ဘူး​။ ငါဒီက​လေး​တွေ အတွက် ဘာ​တွေလုပ်​ပေး​ရမလဲ ဆိုပြီး​တော့​ စိတ်က အဲဒီကို​ရောက်သွား​တယ်။” “အခု ကျ​နော့်​သား​သမီး​နဲ့​ ယှဉ်စဉ်း​စား​ရင် ကျ​နော့်​သား​သမီး​ထက် ကျ​နော်တို့​ နိုင်ငံမှာ ပညာ​ရေး​ကို ဆုံး​ခန်း​မတိုင်နိုင်တဲ့​၊​ နိုင်ငံ​ရေး​ကိုလုပ်လို့​ ပညာ​ရေး​ဆုံး​ရှုံး​ခဲ့​ရတဲ့​ က​လေး​တွေ အများ​ကြီး​ရှိပါ​သေး​တယ်။ ဒီက​လေး​တွေကို ငါဘာလုပ်​ပေး​ရမလဲဆိုတာ စိတ်ရသွား​တော့​ ကျ​နော် ​ထောင်ထဲမှာ TOEFL တို့​၊​ SAT တို့​ သူတို့​ကိုသင်​ပေး​တော့​ ​ဖြေခိုင်း​တယ်။ စာ​မေး​ပွဲ​တွေကို၊​ စာအုပ်​ပေါင်း​ မျိုး​စုံ ကျ​နော်သင်​ပေး​တယ်။ အနည်း​ဆုံး​ ​ထောင်ထဲက​နေ ဒီပညာ​တော့​ တတ်သွား​ရင် ဒါလည်း​တခုပဲ ဆိုပြီး​တော့​ ကုသိုလ်ကံ​ကောင်း​စွာ သူတို့​ထောင်ထဲက လွတ်လာတဲ့​အခါကျ​တော့​လည်း​ သူတို့​ရဲ့​ ပညာ​ရေး​တွေကို အတတ်နိုင်ဆုံး​ ကျ​နော် အခု ပံ့​ပိုး​ပေး​နေတယ်။ လုပ်လည်း​ လုပ်​နေတယ်။ အခုဆိုရင် ၁၁ ​ယောက်ကို ပညာသင်ခွင့်​ ကျ​နော်လုပ်​ပေး​နေတယ်။ ကျ​နော့်​မှာ စိတ်ကူး​တခု သွား​ရတယ်။ ကျ​နော့်​ သား​သမီး​ကျ​တော့​ အ​မေရိကား​လိုမှာ ဘွဲ့​ဦး​ထုပ်​တွေ ​ဆောင်း​ပြီး​ ဘွဲ့​ယူ​နေတဲ့​အချိန် သူတို့​နဲ့​ရွယ်တူ ဒီက​လေး​တွေက​တော့​ ပညာမသင်ရဘဲနဲ့​ ​ထောင်ထဲမှာတင် ဘဝဆုံး​ရ​တော့​မှာလား​ ဆိုပြီး​ စိတ်ကူး​ရသွား​တော့​ သား​သမီး​ အရင်း​ထက် တဝမ်း​ကွဲ သား​သမီး​တွေ အ​ပေါ်မှာ သနား​စိတ်နဲ့​ ပိုချစ်လာတယ်။ သူတို့​အတွက် ပိုလုပ်​ပေး​ရ​တော့​မယ်လို့​ စိတ်​တွေ​ပေါ်လာတယ်။ အခုလည်း​ လုပ်​နေတယ်။ ကျ​နော် နိုင်ငံခြား​ထွက်လို့​ရတာ​တောင် သား​တွေ သမီး​တွေဆီ မသွား​နိုင်​သေး​ဘူး​။ အခုဒီခရီး​မှာလည်း​ အမှန်အတိုင်း​ပြောမယ်ဆိုရင် ဒီကလူ​တွေဆီက က​လေး​တွေအတွက် ပညာသင်ဖို့​ မနက်ဖြန်ကျရင် ဒီကိစ္စ ကျ​နော်တို့​ ​ဆွေး​နွေး​ကြမယ်။ ကျ​နော်တို့​ က​လေး​တွေ ဒီဘန်​ကောက်မှာ ​ကျောင်း​ထား​ သင်​ပေး​မလား​။ ချင်း​မိုင်မှာ ​ကျောင်း​ထား​ သင်​ပေး​မလား​ဆိုတာ သူတို့​ဆီက​နေ အကူအညီ​တောင်း​နေတာ။ ခုသူတို့​ ပထမဆင့်​တော့​ ​ကျောင်း​သား​ ၄၀ ​လောက်ကို သင်​ပေး​မယ်ဆိုတဲ့​ အဆင့်​ ဖြစ်လာပြီ။ ကျ​နော့်​မှာ ၈၁ ​ယောက်ရှိတယ်။ အဲဒီ လူအကုန်လုံး​ ပညာသင်ကြား​ခွင့်​ ရဖို့​အတွက်ကို ကျ​နော်ဘယ်သူ့​ဆီက လက်ဝါး​ဖြန့်​ခံ ​တောင်း​ရ​တောင်း​ရ ​တောင်း​မယ်။ ကျ​နော်အနာခံပါမယ်။ က​လေး​တွေ ပညာရဖို့​အတွက်၊​ ဒီသ​ဘော ဖြစ်သွား​တယ်။” အဲ​တော့​ လွတ်လပ်မှုအတွက် လွတ်လွတ်လပ်လပ် လုပ်မယ်ဆိုပြီး​တော့​ အ​ပြောင်း​အလဲ​တွေဖြစ်ကြ။ အခုတ​ကျော့​ပြန်လာတဲ့​အခါကျ​တော့​ ​ထောင်က​နေ ကိုသူရ (ကိုဇာဂနာ) ကြီး​ လွတ်လာပြီဆိုပြီး​တော့​ ​နောက်ပိုင်း​မှာ ထူး​ထူး​ခြား​ခြား​ ဗိုလ်ချုပ်​အောင်ဆန်း​ အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်မယ်။ စသည်ဖြင့်​ အဲဒါနဲ့​အတူ ဗိုလ်ချုပ်​အောင်ဆန်း​က​တော့​ အင်မတန်ကြီး​ကျယ်တဲ့​ ရုပ်ရှင်ကား​ကြီး​လို ဖြစ်လာမယ်။ အဲဒီမှာ တချက်က​တော့​ လွတ်လပ်ချင်း​ အနုပညာနဲ့​ပတ်သက်လို့​ ရုပ်ရှင်ပွဲ​တော် တခုလုပ်မယ်။ အဲဒီ ပွဲ​တော် အ​နေအထား​နဲ့​ ပြည်သူ​တွေကို ဘာများ​ ​ပေး​ချင်လို့​လဲ။ လွတ်လပ်ခြင်း​ အနုပညာကို ဘာ​ပေး​ချင်တာလဲ။ “အဓိက​တော့​ ကျ​နော်​ထောင်ကထွက်​တော့​လည်း​ ကျ​နော်လုပ်​နေတဲ့​ နိုင်ငံ​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ ကျ​နော်လုပ်​နေတဲ့​ အနုပညာနဲ့​ ပတ်သက်ပြီး​တော့​ ဒီလို​ပြောရမယ်။ အဲဒီ ၂ ခုကို သိပ်တွဲချင်တယ်။ ​ထောင်ထဲမှာကတည်း​က စဉ်း​စား​တယ်။ ​နောက်ကျ​တော့​ ကျ​နော့်​ဘာသာ ကျ​နော် စကား​လုံး​တလုံး​ရတယ်။ အနုပညာရနံ့​သင်း​တဲ့​ နိုင်ငံ​ရေး​ပေါ့​။ ကျ​နော်တို့​ လိ​မ္မော်အနံ့​ သကြား​လုံး​တွေ ဘာ​တွေ ရှိသလို၊​ အနုပညာ​တော့​ပါရမယ်။ ဆိုတာကို လုံး​ဝရသွား​တယ်။” အနုပညာသည်​တွေက အခုဆိုရင် ကိုသူရ ဦး​စီး​မယ့်​ ရုပ်ရှင်ပွဲ​တော်​တွေ ဆိုလည်း​ အင်တိုက်အား​တိုက် ပါလာတယ်။ ​နောက်တခါ ဗိုလ်ချုပ်​အောင်ဆန်း​တို့​ အတ္ထုပ္ပတ္တိ​တွေ ရိုက်မယ်ဆိုလည်း​ ပါမယ်ဆို​တော့​ အရင်​ခေတ်နဲ့​ လက်ရှိအ​နေအထား​နဲ့​ ဘယ်လိုများ​ ဖြစ်လာလဲ။ နည်း​နည်း​လေး​ ​ပြောင်း​လဲလာသလား​။ အဲဒါက​နေတဆင့်​ ​ရှေ့​ရေး​က ဘယ်လိုဖြစ်လာနိုင်သလဲ။ “တခု​တော့​ ရှိတာ​ပေါ့​။ ကျ​နော်တို့​က ​လော​လော လတ်လတ်က အ​ခြေအ​နေတခုအရ ​ပြောင်း​လဲမှုတဆင့်​ အစလို့​ ​ပြောလို့​ရတယ်။ ကျ​နော်ထင်တယ်။ လုံး​လုံး​လျား​လျား​ ​ပြောင်း​လဲပြီလို့​တော့​ တထစ်ချ မ​ပြောရဲ​သေး​ဘူး​။ တချို့​တချို့​သော ​နေရာ​တွေမှာ conservative ဖြစ်​နေတဲ့​လူ​တွေလည်း​ ရှိ​နေတုန်း​ပဲ။ အဲ​တော့​ လုံး​လုံး​လျား​လျား​ မ​ပြောင်း​လဲ​သေး​ဘူး​လို့​ပဲ ကျ​နော်​ပြောချင်တယ်။ သို့​သော် ​ပြောင်း​လဲမှု​လေး​ရဲ့​ အစ နိဒါန်း​လေး​လို့​ ​ပြောတယ်။ အရုဏ်ဦး​လေး​ပေါ့​။ ​နောက်ပြန်မဆုတ်သွား​ဖို့​ပဲ အ​ရေး​ကြီး​တယ်။ ဆို​တော့​ ကျ​နော်တို့​ ထိန်း​ထိန်း​သိမ်း​သိမ်း​ ​ဖေး​ဖေး​မမနဲ့​ ​ရှေ့​ဆက်တိုး​သွား​ချင်တယ်။ အဲ​တော့​ မှ ခုနက အနုပညာလမ်း​ကြောင်း​မှာ​ကော၊​ နိုင်ငံ​ရေး​လမ်း​ကြောင်း​မှာ​ကော လွတ်လပ်ပွင့်​လင်း​မှု​လေး​တွေကို ကျ​နော်တို့​မြင်လာရမယ်။ တဖြည်း​ဖြည်း​ မြင်လာရရင်​တော့​ ​ရှေ့​တော့​ပို​ကောင်း​သွား​မယ်လို့​ပဲ ထင်ပါတယ်။ သို့​သော် ​လော​လောလတ်လတ် အ​ခြေအ​နေက​တော့​ တကယ့်​ကို သိပ်နူး​ညံ့​လွန်း​တယ်။ အချိန်မ​ရွေး​ ပျက်သွား​နိုင်တယ်။ သိမ်​မွေ့​တယ်။ ပျက်သွား​နိုင်တယ်။ ​တော်​တော်ဂရုတစိုက် ကိုင်​နေရတဲ့​အချိန်၊​ အချိန်မ​ရွေး​ ကျကွဲနိုင်တယ်။” ကိုသူရ ပြက်လုံး​တွေ ထုတ်လာတယ်။ ရယ်စရာ​တွေ ​ပြောလာတယ်။ ဒါ​ပေမယ့်​ ၂၀၀၇ ကိုကြည့်​လိုက်​တော့​ ပြက်လုံး​ထုတ်ရက်စရာ မရှိ​လောက်​အောင်ကို ရင်ထဲမှာ ခံစား​ရတာ​တွေ ရှိတယ်။ နာဂစ်မှာလည်း​ ပြက်လုံး​မထုတ်နိုင်​လောက်​အောင် ခံစား​ရတယ်။ ​ကြေကွဲရတာ​တွေ ရှိတယ်။ ​ထောင်ထဲ​ရောက်သွား​တယ်။ အခုပြန်ထွက်လာတယ်ဆို​တော့​ အခု​ကော ထွက်လာတဲ့​နောက်ပိုင်း​မှာ ပြက်လုံး​အသစ်​တွေ ဘာ​တွေများ​ ထုတ်ထား​တာ ရှိသလား​။ အဲဒါ​လေး​နဲ့​ ကျ​နော်တို့​ရဲ့​ အင်တာဗျူး​လေး​ကို သိမ်း​လိုက်ချင်တယ်။ “ပြက်လုံး​အသစ်​တော့​ မဟုတ်ဘူး​။ စိတ်ကူး​လေး​တွေ ရတာ​ပေါ့​။ အထူး​သဖြင့်​တော့​ ကျ​နော်တို့​တိုင်း​ပြည်မှာ ရှိတဲ့​ နိုင်ငံ​ရေး​ကို လုပ်​နေတဲ့​ လူ​တွေနဲ့​ပတ်သက်လို့​ ကျ​နော့်​ညီ​တွေဖြစ်တဲ့​ ပန်း​သီး​တို့​ ကြယ်သီး​တို့​ ပြက်လုံး​အများ​ကြီး​ပဲ ​ပေး​တယ်။ ကျ​နော်ဘာရလည်း​ဆို​တော့​ နတ်က​တော် နိုင်ငံ​ရေး​ဆိုပြီး​ ​တွေ့​လာတယ်။ ဘာလို့​လည်း​ဆို​တော့​ ကျ​နော်တို့​ တိုင်း​ပြည်မှာရှိတဲ့​ ​ထောင်က​နေ အပြင်ထွက်လာပြီး​ ​တွေ့​ရတဲ့​ ပါတီအသီး​သီး​က သို့​မဟုတ် ပါတီမဟုတ်တဲ့​ နိုင်ငံ​ရေး​သမား​ဆိုတဲ့​ လူ​တွေ သူတို့​က ဘယ်လိုဖြစ်လာကြလည်း​ ဆို​တော့​ နတ်က​တော် နိုင်ငံ​ရေး​ကို လုပ်တယ်လို့​ သွား​တွေ့​တယ်ဆိုတာက ဆိုင်း​က​တော့​ တီး​နေတာပဲ။ နတ်က​တော်ကလည်း​ က​နေတာပဲ။ သူ့​ကိုယ်သူ ဘာနတ်ဝင်လို့​ ဝင်​နေမှန်း​ကိုမသိဘူး​။ ကိုယ့်​ကိုယ်ကိုယ် ဘာနတ်ဝင်​နေမှန်း​ မသိဘဲနဲ့​ အဲ့​လိုက​နေတဲ့​ နတ်က​တော် နိုင်ငံ​ရေး​တွေ သူတို့​ကို ပြက်လုံး​လုပ်မယ်။ ​ခေါင်း​စဉ်ကိုက နတ်က​တော် နိုင်ငံ​ရေး​ဆိုပြီး​ လုပ်ဦး​မယ်။ ​နောက်တခုက ဘာသွား​တွေ့​လည်း​ဆို​တော့​ ​မော်​တော်ပီကယ် နိုင်ငံ​ရေး​။ ​မော်​တော်ပီကယ်က အရူး​ကို ​မော်​တော်ပီကယ် ခန့်​မိတဲ့​အ​ခြေအ​နေမျိုး​၊​ ကျ​နော်တို့​ တိုင်း​ပြည်မှာ နိုင်ငံ​ရေး​က။ ကျ​နော် လူပုဂ္ဂိုလ် နာမည်တပ် မ​ပြောချင်​ပေမယ့်​ အရူး​မော်​တော်ပီကယ် ခန့်​မိတဲ့​ နိုင်ငံ​ရေး​က ပါတယ်။ လမ်း​က စွတ်ပြ​နေတာပဲ။ ကား​ကလည်း​ သွား​ချင်တဲ့​ဆီ သွား​နေမှာပဲ။ အရူး​ ​မော်​တော်ပီကယ် ခန့်​တော့​ ဟုတ်တယ်ထင်ပြီး​ လက်​တွေ စွတ်ပြ​နေတဲ့​ ​မော်​တော်ပီကယ်​ပေါ့​။ အဲဒါလည်း​ ​တွေ့​ရတယ်။ ​နောက်ဆုံး​တွေ့​ရတဲ့​ နိုင်ငံ​ရေး​က​တော့​ ကင်မရာနိုင်ငံ​ရေး​။ နာမည်ကြီး​တဲ့​လူ​တွေ နား​ကို ​ပြေး​ကပ်လိုက်၊​ ဓာတ်ပုံ​လေး​ ရိုက်လိုက်၊​ ပြီး​ရင်အဲဒီလူကပဲ သူ့​ကို တခုခုမှာလိုက်သလို၊​ ​ရွေး​ကောက်ပွဲ ဝင်ဖို့​အတွက်ပဲ ​ပြောလိုက်သလိုလို၊​ တ​ယောက်​ယောက်ကပဲ စည်း​ရုံး​ရေး​အရ သိပ်အ​ရေး​ကြီး​တဲ့​စကား​ကို နှစ်ကိုယ်ကြား​ တိုး​တိုး​လေး​ ​ပြောလိုက်သလို၊​ လုပ်ပြီး​တော့​ အဲဒီကင်မရာနိုင်ငံ​ရေး​ ကိစ္စလည်း​ ကင်မရာနိုင်ငံ​ရေး​က ကျ​နော်တို့​ဆီမှာ အရမ်း​ခေတ်စား​နေတယ်။ ကျ​နော်က​တော့​ နတ်က​တော် နိုင်ငံ​ရေး​၊​ ​မော်​တော်ပီကယ် နိုင်ငံ​ရေး​၊​ ကင်မရာ နိုင်ငံ​ရေး​သမား​များ​အား​ အကြီး​အကျယ် တိုက်ခိုက်မယ့်​ ပြက်လုံး​များ​ကို ပြင်ဆင်​နေပါပြီလို့​ ​ပြောလို့​ရတယ်။ လွတ်လပ်​ရေး​နေ့​ ညမှာ ကကို ကပြဦး​မယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up