ကင်ဂျုံနမ် အသတ်ခံရမှု မြောက်ကိုရီးယား၏တောင်းဆိုချက် လိုက်လျောမည်မဟုတ်ဟု မလေး ပြော

Special Task Force On Organised Crime (STAFOC) police stand guard in front of the National Forensic Institute at Kuala Lumpur Hospital in Kuala Lumpur, Malaysia, Tuesday, Feb. 21, 2017. North Korea's ambassador to Malaysia on Monday denounced the country's investigation into the death of the exiled half brother of North Korea's ruler, calling it politically motivated and demanding a joint probe amid increasingly bitter exchanges between the once-friendly nations. (AP Photo/Alexandra Radu)
ကင်ဂျုံနမ် အသတ်ခံရမှုနဲ့ပတ်သက်ပြီး လာရောက်ဆွေးနွေးတဲ့ မြောက်ကိုရီးယားသံတမန်ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောမှာမဟုတ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးက မတ်လ ၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မလေးရှားကျန်းမာရေးဝန်ကြီးက “မြောက်ကိုရီးယားသံတမန်ဟာ မလေးရှားအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့တွေ့ပြီး ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် မလေးရှားဟာ သေဆုံးသူနဲ့ပတ်သက်ပြီး နိုင်ငံတကာနဲ့ရှိထားတဲ့ သဘောတူညီချက်တွေအတိုင်းပဲ လိုက်နာဆောင်ရွက်ပါမယ်။ အာရုံကြောအဆိပ်ကြောင့် သေဆုံးတယ်ဆိုတာကို အတည်ပြုထားပြီးဖြစ်သလို တရားဝင်လည်း ကြေညာထားပြီး ဖြစ်ပါတယ်။ အဆိပ်ကြောင့် သေတယ်ဆိုတဲ့အချက်ကို ကျနော်တို့ ပြောင်းလဲပစ်မှာ မဟုတ်ပါဘူး” လို့ ရှင်းပြသွားပါတယ်။ “တိကျတဲ့ အချိန်အတိုင်းအတာတခုအပြီးမှာ ဘာဆက်လုပ်မယ်ဆိုတာကို မလေးရှား အစိုးရက ဆုံးဖြတ်မယ်” လို့လည်း သူက ဆိုပါတယ်။ ဘယ်လောက် အချိန်ယူမှာလဲဆိုတဲ့ သတင်းထောက်တဦးရဲ့ အမေးကိုတော့ အတိအကျ မသတ်မှတ်ရသေးဘူးလို့ မလေးရှားကျန်းမာရေးဝန်ကြီးက ပြန်လည်ဖြေကြားသွားပါတယ်။ ကင်ဂျုံနမ် အသတ်ခံရမှု ဆွေးနွေးဖို့အတွက် ရောက်လာတဲ့ မြောက်ကိုရီးယားသံတမန်က “ကင်ဂျုံနမ်ရဲ့ ရုပ်အလောင်းကို ပြန်လွှဲပေးဖို့နဲ့ လူသတ်မှုသံသယနဲ့ ဖမ်းဆီးထားတဲ့ မြောက်ကိုရီးယားနိုင်ငံသားကို ပြန်လွှတ်ပေးဖို့ မလေးရှားအစိုးရကို တောင်းဆိုခဲ့ကြောင်း” ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up