Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်သတ်မှတ်ရန် လွှတ်တော်တင်သွင်းသည့်ပေါ် ဒေသခံများဆန္ဒပြ
DVB
·
March 2, 2017
သံလွင်တံတား (ချောင်းဆုံ) ကို `ဗိုလ်ချုပ်အောင်ဆန်းတံတား´ အမည် သတ်မှတ်ပေးဖို့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ပေါ် ဒီကနေ့ မွန်ပြည်နယ်ချောင်းဆုံမြို့မှာ ဒေသခံ ၃၀၀၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း တံတား အမည် သတ်မှတ်ပေးဖို့ အဆိုတင်သွင်းတာဟာ ဒေသခံတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်ပြီး ကျေနပ်မှုမရှိတဲ့အတွက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြပွဲမှာ တိုင်းရင်းသားချစ်ကြည်ရင်းနှီးရေး၊ နယ်မြေတိုင်းရင်းသား ဆန္ဒအသိအမှတ်ပြုရေး၊ တိုင်းရင်းသားဆန္ဒနဲ့မညီတဲ့လုပ်ရင် ချက်ချင်းရပ် ဆိုပြီး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ကိုယ်စားလှယ် မိကွန်ချမ်းက ဖေဖော်ဝါရီ ၂၈ ရက်နေ့က  ပြည်သူ့လွှတ်တော်မှာ “မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်တို့အကြား သံလွင်မြစ်ပေါ်တွင် ထိုးထားတဲ့  တံတားအမည်အား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အမည်နာမနဲ့ ဂုဏ်ပြုသတ်မှတ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းတဲ့” အဆိုတခု တင်ခဲ့တာပါ။ ဒီအဆိုဟာ ဒေသခံတွေရဲ့ သဘောဆန္ဒကို ရယူခြင်းမရှိဘဲ အဆိုတင်သွင်းထားမှုကို ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး တံတားအမည်ကို ဒေသခံမွန်သမိုင်းကြောင်းနဲ့ ကိုက်ညီတဲ့ အမည်တခုခုကို ပေးဖို့လည်း တောင်းဆိုထားပါတယ်။ အခုလို ဆန္ဒထုတ်ဖော်ရခြင်းဟာ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းအား မလေးစား၊ မထီမဲ့မြင်ပြုခြင်း မဟုတ်ကြောင်း စစ်မှန်သော ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်သည့်ကာလတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ဒေသခံ ဌာနေ တိုင်းရင်းသားများ၏ သဘောဆန္ဒကို လေးစားအသိအမှတ်ပြုဖို့လည်း အထူးပင် အရေးကြီးလှကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - Nai Ko Thu
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024