Home
မြန်မာသတင်း
ရန်ကုန်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် လျှောက်လွှာများ စတင်ခေါ်ယူ
DVB
·
March 1, 2017
အခုနှစ်မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် ရေသဘင်ပွဲတော်အတွက် သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ခွင့်လျှောက်လွှာတွေကို  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဖေဖော်ဝါရီ ၂၇ ရက်မှာ စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သင်္ကြန်မဏ္ဍပ် လျှောက်လွှာကိုသာ ခေါ်ယူသေးတာဖြစ်ပြီး  လာလျှောက်တဲ့ မဏ္ဍပ်လျှောက်လွှာပေါ်မူတည်ပြီး မဏ္ဍပ်တွေကို နေရာချပေးသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သယာရေးကော်မတီ လမ်းနှင့်တံတား အင်ဂျင်နီယာဌာနကပြောပါတယ်။ လျှောက်လွှာပိတ်ရက်ကတော့ မတ်လ  ၃၁ ရက်နေ့ဖြစ်ပြီး သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့် အတွက်စည်းကမ်းချက်တွေကို အရင်နှစ်ကသတ်မှတ်ထားတဲ့ စည်းကမ်းချက် (၄၁) ချက်ကို ထပ်မံဖြည့်စွက်ပြင်ဆင်သွားမယ်လို့လည်း သိရပါတယ်။ ဒီနှစ်သင်္ကြန်အတွင်း ရန်ကုန် ခရိုင်  ၄ ခုမှာမဏ္ဍပ်  ၄ ခုနဲ့ မြို့တော်ဝန်မဏ္ဍပ် တို့ကို အရင်နှစ်တွေအတိုင်း တည်ဆောက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဖေဖော်ဝါရီ ၁၇ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024