ပြင်သစ်သမ္မတ မိန့်ခွန်းပြောစဉ် လက်ဖြောင့်တပ်သားတဦး မတော်တဆကျည်ထွက်၍ ၂ ဦးဒဏ်ရာရ

ပြင်သစ်အနောက်ပိုင်းမှာ သမ္မတ ဖရန်ဆွာ-ဟော်လန် (Francois Hollande) မိန့်ခွန်းပြောစဉ်အတွင်း ပြင်သစ်ရဲလက်ဖြောင့်တပ်သားတဦးက မတော်တဆ သေနတ်ကျည် ထွက်သွားလို့ လူ ၂ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။ ရထားလမ်းဖွင့်ပွဲအခမ်းအနားအတွင်း သမ္မတ မိန့်ခွန်းပြောနေတဲ့ Villognon မြို့ရှိ ရွက်ဖျင်တဲနဲ့ ၁၀၀ မီတာ (၃၂၈ ပေ) အကွာ အမိုးပေါ်မှာ လက်ဖြောင့်ရဲအရာရှိက သူ့ရဲ့ခန္ဓာကိုယ်အနေအထားကို ရွေ့လျားစဉ် သေနတ်ကျည် ထွက်သွားတာလို့ သိရပါတယ်။ ကျည်ဆန်တွေက စားသောက်စရာတွေ စီစဉ်နေတဲ့ ရွက်ဖျင်တဲရဲ့အစကို ဖောက်ပြီး စားပွဲထိုးတဦးရဲ့ ပေါင်နဲ့ အခြားလူတဦးရဲ့ ခြေသလုံးတွေကို ထိသွားပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။  သမ္မတ ဖရန်ဆွာ-ဟော်လန်လည်း မိန့်ခွန်း ဆက်ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up