Home
မြန်မာသတင်း
ကသာမြို့တွင် တရားမ၀င် သစ်ခွဲသားများနှင့် မီးသွေးအိတ်များ ဖမ်းမိ
DVB
·
March 1, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကချင်ပြည်နယ် နယ်စပ်၊ ချောင်းဝကျေးရွာအနီး ကောက်ကွေ့ချောင်းနဲ့ ဧရာဝတီမြစ်ဘေးမှာ ဖေဖော်ဝါရီ ၂၈ ရက်မနက်ပိုင်းက တရားမဝင် သစ်ခွဲသားနဲ့ မီးသွေးအိတ်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။ တိုင်းသစ်တော ညွှန်ကြားရေးမှူး လမ်းညွှန်ချက် အရ ကသာခရိုင် လ/ ထ ညွှန်ကြားရေးမှူး ဦးဆောင်တဲ့အဖွဲ့က ချောင်းဝကျေးရွာအနီး နယ်မြေရှင်းလင်းရေး ဆောက်ရွက်ရာ တရားမဝင် ကျွန်းခွဲသားတွေ တင်ဆောင်ထားတဲ့ မော်တော် ၁ စီး၊ တရားမဝင် မီးသွေးအိတ်တွေ တင်ဆောင်ထားတဲ့ ထော်လာဂျီ ၁ စီး တရားခံ ၂ ဦး တို့ကို ဖမ်းမိခဲတယ်လို့ သစ်တောဦးစီးဌာနက ပြောပါတယ်။ ကျွန်းခွဲသား ဆိုက်စုံ ၂၃၁ ချောင်း၊ မီးသွေးအိတ် ၁၄၀၁ အိတ်၊ အစိမ်းရောင် မော်တော် ၁ စီး ၊ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် ၆၁၉၃၇၀၀ ကျပ်ခန့် ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ “အခုလို ကျွန်းခွဲသားနဲ့ မီးသွေးအိတ်တွေဟာ နယ်စပ်ဒေသဈေးကွက်မှာ ဈေးကောင်း ပေးဝယ်နေတာကြောင့် မီးသွေးဖုတ်သူနဲ့ သစ်ခုတ်သူတွေ များလာနေတာဖြစ်ပြီး ဧရာဝတီ မြစ်ကြောင်းကတဆင့် ဗန်းမော်ဘက်ကို သယ်ယူမှု များလာတာ” လို့ ဒေသခံတွေက ပြောပါတယ် ။ တရားမဝင် ကျွန်းခွဲသားနဲ့ မီးသွေးအိတ် သယ်ဆောင်သူ မလဲ့ နဲ့ သိန်းဇော် တို့နှစ်ဦးကို ပြည်သူပိုင်ပစ္စည်း အလွဲသုံးမှု ဥပဒေပုဒ်မတွေနဲ့ အရေးယူ ဆောင်ရွက်နေတယ်လို့ ကသာခရိုင် သစ်တော ဦးစီးဌာနက သိရပါတယ်။ သီဟဆွေ (ကသာ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024