Live
Home
မြန်မာသတင်း
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ပြင်ပ ဖွံ့ဖြိုးတိုးတက်ရေး ကျပ်ငွေ ၃၂ ဘီလီယံ သုံးစွဲခဲ့ (ရုပ်သံ)
DVB
·
March 1, 2017
ရန်ကုန်စည်ပင်သာယာနယ်နိမိတ် ပြင်ပ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲ့ အထူး စီမံကိန်းအနေနဲ့ ၃၂ ဘီလီယံကို သုံးစွဲခဲ့တယ်လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သစ်ရဲ့ သက်တမ်း ၁ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တာတွေ ကို ပြည်သူထံ တင်ပြတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ဒီနေ့ ထုတ်ပြန်လိုက်တဲ့ ရုပ်သံမှာ ပြောဆိုလိုက်တာပါ။ “ရန်ကုန်တိုင်း ပြင်ပမှာ ရှိနေတဲ့ ၁၂ မြို့နယ်ဟာ ဖွံ့ဖြိုးတိုးမှု နောက်ကျခဲ့ပါတယ်။ ဒါကြောင့်မို့ ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ပြင်ပ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲ့ အထူး စီမံကိန်းအဖြစ်နဲ့ ၃၂ ဘီလီယံကို ရန်ကုန်စည်ပင်သာယာနယ်နိမိတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ရပ်တွေမှာ ကျနော်တို့ သုံးစွဲခဲ့ပါတယ်။” ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ ရန်ကုန်မြို့တွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ဖို့၊ နောက်ဖေးလမ်းကြားတွေမှာ ရေစီးရေလျံမှုမဖြစ်စေဖို့ ကြိုးပမ်းခဲ့ပါတယ်လို့ လည်းပြောပါတယ်။ ဒါ့အပြင် ရန်ကုန် လှိုင်မြစ်နဲ့ ဧရာဝတီမြစ်အတွင်း ရေကြီးရေလျှံမှုတွေ တားဆီးနိုင်ဖို့ ဘဏ္ဍာငွေ ၈ ဘီလီယံလောက် လျာထားပြီး ကြိုးစားနေတယ်လို့ ဆိုပါတယ်။ လက်ရှိ အန်အယ်လ်ဒီအစိုးရဟာ လာမယ့် ဧပြီ ၁ ရက်နေ့မှာ အစိုးရ သက်တမ်း ၁ နှစ်ပြည့်မှာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024