တောခွေးအုပ်စုရန်မှ ဆင်ကလေးကို ကာကွယ်ပေးခဲ့သည့် ဆင်မကြီးရုပ်သံ ရေပန်းစား

တောခွေးတအုပ်ရဲ့ရန်ကနေ ဆင်သားပေါက်လေးနဲ့ သူ့ကိုယ်သူပါ ကာကွယ်လိုက်တဲ့ ဆင်မကြီးရဲ့ ဗွီဒီယိုရုပ်သံ ရေပန်းစားနေပြီး ဒီမှတ်တမ်းရုပ်သံလေးကို Kruger Sightings အင်တာနက် သတင်းချန်နယ်က မှတ်တမ်းတင် ရိုက်ကူးထားတာလို့ သိရပါတယ်။ အခုဆိုရင် ဒီရုပ်သံကို ကြည့်ရှုသူပေါင်း ၅ သိန်း ၂ သောင်းကျော်ရှိနေပြီး ကြည့်ရှုသူတွေကလည်း အမျိုးမျိုး မှတ်ချက်ပေးနေကြပါတယ်။ ရုပ်သံထဲမှာတော့ ကားလမ်းမတခုနဲ့ ပိုင်းခြားထားတဲ့ တဘက်တောအုပ်ထဲက ထွက်လာတဲ့ ဆင်သားအမိဟာ တခြားတောအုပ်ဘက်ခြမ်းကို မကူးခင် ကားလမ်းမပေါ်မှာ တောခွေးတအုပ်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။ တောခွေးတွေက ဆင်သားအမိကို ဟိန်းဟောက်ပြီး အစာအဖြစ် ချောင်းမြောင်းစဉ် ဆင်မကြီးက တောခွေးတွေကို ပြန်လည်ခြောက်လန့် မောင်းထုတ်ခဲ့တာပါ။ ဆင်သားပေါက်လေးကလည်း မိခင်ရဲ့ အနောက်ဘက်ကနေပြီး ထက်ကြပ်မကွာလိုက်ကာ ဆင်မကြီးရဲ့ ကာကွယ်ပေးမှုကို ရရှိနေပါတယ်။ TANK C ဆိုတဲ့အမည်နဲ့ မှတ်ချက်ရေးသူတဦးက “Kruger Sightings သတင်းချန်နယ်ဟာ အင်တာနက် သတင်းစာမျက်နှာထက်မှာ အကောင်းဆုံး သတင်းချန်နယ်တခုဖြစ်တာ သံသယရှိစရာ မလိုဘူး။ ဒီလိုကောင်းတဲ့သတင်းတွေ ဆက်ထုတ်ပေးပါ” လို့ တိုက်တွန်းထားပါတယ်။ နောက်မှတ်ချက်ရေးသူတဦးဖြစ်တဲ့ Toby ဆိုသူက “ဆင်သားပေါက်လေးကို အကာအကွယ်ပေးထားတော့ တောခွေးတအုပ် တော်တော်စိတ်ပျက်သွားလောက်တယ်” လို့ ရေးထားပြီး Brandom Matthew ဆိုသူကတော့ “အာဖရိကက သားကောင်တွေဆီ မှတ်တမ်းရုပ်သံ သွားရိုက်သင့်ကြောင်း အာဖရိကက တောခွေးတွေဆိုရင် အနည်းဆုံး ၆ ကောင်ရှိရင် ဘယ်သားကောင်ကိုမဆို သူတို့ဖမ်းနိုင်တယ်” လို့ ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up