မစိုးရိမ်ကျောင်းတိုက် မဟာနာယကဆရာတော် ဘ၀နတ်ထံပျံလွန်တော်မူ (ဓာတ်ပုံ)
DVB
·
February 28, 2017
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက်ကြီး၏ မဟာနာယက(တိုက်အုပ်) နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော် ဘဒ္ဒန္တပဒုမာဘိဝံသ သက်တော် (၈၂) နှစ် ဝါတော် (၆၂) ရှိ ဆရာတော်ဘုရားကြီးဟာ ဖေဖော်ဝါရီ ၂၇ ရက် ညက ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။
ဆရာတော်ဘုရားကြီးရဲ့ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို မတ်လ ၇ ရက်နေ့မှာ အေးရိပ်ငြိမ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - အောင်အောင်