Home
မြန်မာသတင်း
ချင်းမိုင်ရှိ မြန်မာဘုန်းကြီးကျောင်းကို ပြည်ထဲရေးဝန်ကြီး လည်ပတ်မည့်ခရီးစဉ် ဖျက်သိမ်း
အေးနိုင်
·
February 28, 2017
  ထိုင်းနိုင်ငံ ချင်းမိုင်ကို ရောက်ရှိနေတဲ့ မြန်မာပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေဟာ ကျန်းမာရေးကြောင့် ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းကို လာရောက်လည်ပတ်မယ့်ခရီးစဉ်ကို ရုတ်တရက်ဖျက်သိမ်းခဲ့ပါတယ်။ မနက် ၉ နာရီကတည်းက ချင်းမိုင်နေမြန်မာနိုင်ငံသားတချို့နဲ့ ကျောင်းသူကျောင်းသားငယ်တွေ ပြင်ဆင် စောင့်ဆိုင်းနေပေမယ့် နေ့ခင်း ၁ နာရီမှာ ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ ၀ပ်ဆိုင်းမွန်း မြန်မာကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် ဦးကောဏညက “၀န်ကြီးကို ကြိုဆိုဖို့ စောင့်နေကြတယ်။ ဦးဇင်းဆို့ စောင့်ရင်းနဲ့ ၁၁ နာရီထိုးမလာတော့ သာသနာရေးကို လှမ်းဆက်တယ်။ သာသနာရေးက ၁ နာရီလောက် ခရီးစဉ်ပြင်ထားတယ်လို့ ပြောပါတယ်။ ဘုန်းကြီးဆက်စောင့်တယ်။ ၁၂ နာရီ နီးပါးလောက် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အရာရှိတယောက်က ဘုန်းဘုန်းကို လာလျှောက်တယ်။  သူမလာတော့ဘူးတဲ့ ကျန်းမာရေးအရ ဆရာဝန်က နားခိုင်းလို့ မလာဘူးတဲ့။ အဲဒါဆိုရင် ညနေရောလာမလား ညနေလည်း မလာဘူး။ မနက်ဖြန်လည်း မလာတော့ဘူး အစည်းအဝေးလုပ်မှာ တဲ့” လို့ မိန့်တော်မူပါတယ်။ ဒီခရီးစဉ်ဟာ ပြည်ထဲရေးဝန်ကြီးဦးဆောင်တဲ့အဖွဲ့ရဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နဲ့ လမ်းပွန်းခရိုင် တွေဆီ ဖေဖော်ဝါရီလ ၂၅ ရက်မှ မတ်လ ၃ ရက်ထိ လာရောက်တဲ့ခရီးစဉ်ဖြစ်ပါတယ်။ ခရီးစဉ်တွင်းမှာ ထိုင်းမြောက်ပိုင်းယဉ်ကျေးမှုများလာရောက်လေ့လာမှာဖြစ်သလို ထိုင်းမြန်မာ ၂ နိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာအစည်းအဝေးတက်ရောက်မယ်လို့ ချင်းမိုင်ခရိုင်ဗုဒ္ဒဘာသာနဲ့ သာသနာရေးဌာနက ၀ပ်ဆိုင်းမွန်းကျောင်းထိုင်ဆရာတော်ကို လိပ်မူပြီး ပေးပို့ခဲ့တဲ့ စာအရ သိရပါတယ်။ အစီအစဉ်အရ ပြည်ထဲရေးဝန်ကြီးနဲ့ အဖွဲ့ဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မှာ ချင်းမိုင်ကိုရောက်ရှိခဲ့ပြီး ဒွိုင်ဆုထိပ် (မြသပိတ်ဘုရား)၊ ဒွိုင်ခမ်းဘုရား၊ ဘုရင်ကြီးပန်းခြံတွေကို လေ့လာလည်ပတ်ဖို့ ခရီးစဉ်တွေ ပါရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024