Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေးရန် လွှတ်တော်တွင် အဆိုတင်၊ အန်အယ်လ်ဒီအမတ် ၂ ဦး ကန့်ကွက်
ရွှေအောင်
·
February 28, 2017
  မွန်ပြည်နယ်က သံလွင်မြစ်ကူးတံတားတစင်းကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ နာမည်ပေးဖို့ အဆိုကို အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ဦးက ကန့်ကွက်ခဲ့ကြပေမယ့် သဘောတူသူများလို့ အဆိုကို ဆက်လက် ဆွေးနွေးမှာ ဖြစ်ပါတယ်။ မွန်ပြည်နယ် ပေါင်မြို့နယ်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ   “မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်တို့အကြား သံလွင်မြစ်ပေါ်တွင် ထိုးထားတဲ့  တံတားအမည်အား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အမည်နာမနဲ့ ဂုဏ်ပြုသတ်မှတ် ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းတဲ့” အဆိုတခု တင်ခဲ့ပါတယ်။ သူ့အဆိုကို ကိုယ်စားလှယ်တဦးက ထောက်ခံပြီးတဲ့နောက် လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က သဘောတူ မတူ မေးမြန်းရာမှာ ဧရာဝတီတိုင်း၊ဖျာပုံမြို့နယ်ကိုယ်စားလှယ်နဲ့ နောက် ဧရာဝတီက ကိုယ်စားလှယ်တဦးတို့က သဘောမတူဘူးလို့ မတ်တပ်ရပ် ကန့်ကွက် ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌက သဘော မတူသူ ၂ ဦးပဲ ရှိလို့ အဆိုကို လက်ခံဆွေးနွေးမယ်လို့ ကြေညာခဲ့ပါ တယ်။ မွန်ပြည်နယ်က သံလွင်တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ နာမည်ပေးဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနက စီစဉ်ခဲ့စဉ်ကလည်း ဒေသခံအရပ်ဘက် အဖွဲ့တချို့က ကန့်ကွက်ခဲ့ကြပါသေးတယ်။ ၀န်ကြီးချုပ်ရာထူးက နှုတ်ထွက်သွားတဲ့ ဦးမင်းမင်းဦးကလည်း သူ ရာထူးက နှုတ်ထွက်တာ အဲ့ဒီ တံတားနာမည်ကိစ္စကြောင့်လို့ မီဒီယာကိုပြောခဲ့ဖူးပါတယ်။ အခု ဗိုလ်ချုပ်အောင်ဆန်းတံတားနာမည်ပေးဖို့ကိစ္စ ပြည်သူ့လွှတ်တော်ထဲ ဆက်လက် ဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024