Home
မြန်မာသတင်း
ရတနာပုံတက္ကသို​လ်တွင် ကျောင်းကားများပြေးဆွဲပေးရေး လက်မှတ်ကောက်ယူမည်
DVB
·
February 28, 2017
  မန္တလေးရတနာပုံတက္ကသိုလ်မှာ ကျောင်းရှေ့ထိ ကျောင်းဘတ်စ် ကားတွေ ပြေးဆွဲပေးရေး တာဝန်ရှိသူတွေထံ အရေးဆိုဖို့ မန္တလေးရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက လက်မှတ်တွေ မနက်ဖြန် စတင်ကောက်ယူစုဆောင်းဖို့ စီစဉ်နေပါတယ်။ ကျောင်းရှေ့ထိ ကျောင်းဘတ်စ်ကားတွေ ပြေးဆွဲပေးရေး ကျောင်းသား ၅၀၀၀ ထံက လက်မှတ်တွေ ကောက်ယူကြမှာဖြစ်ပြီး စုဆောင်းရရှိတဲ့ လက်မှတ်တွေကို သက်ဆိုင်ရာကျောင်းက တာဝန်ရှိသူတွေနဲ့ တိုင်းဒေသကြီးအစိုးရထံ တင်ပြမယ်လို့ ဒီအစီအစဉ်နဲ့ပတ်သက်လို့ ဒီနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျောင်းသားတွေက ပြောပါတယ်။ လက်ရှိမှာ ကျောင်းသားတွေဟာ လစဉ် ဖယ်ရီကားခ သုံးသောင်းပေးစီးရသလို လူ ၂၀ ထိတင်တဲ့ လိုက်ထရပ်ကားနဲ့ ပြွပ်သိပ် စီးနင်းကြရတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024