ရန်ကုန်-မန္တလေးလမ်းတွင် သဘောင်္ဆေးများတင်လာသည့် ၁၂ ဘီးကား မီးလောင်
DVB
·
February 28, 2017
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းပေါ် မိုင်တိုင် (၃၇၆/၃) နဲ့ (၃၇၆/၄) အကြား ဒိုင်ကောင်းကုန်းကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၂၇ ရက် ညက UPG သဘောင်္ဆေးပုံးတွေ တင်ဆောင်လာတဲ့ ၁၂ ဘီးကားတစီး ဘရိတ်ရှူးကပ် အပူရှိန်လွန်ကဲကာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးမှူးဦးကျော်မျိုးက “သတင်းရရချင်း မီးသတ်ကားနဲ့ သွားတယ်။ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇ ဦးနဲ့ မီးသတ်ဆေးဘူး ၉ ဘူးနဲ့ မီးငြှိမ်းပေးရတယ်။ ကျနော်တို့ မလာခင် အရန်မီးသတ် ၃၀ လောက်နဲ့ ကျေးရွာကလူတွေ ဝိုင်းပြီး မီးငြှိမ်းထားကြတယ်။ ပျက်စီးဆုံးရှုံးမှု တန်ဖိုး ၂ သောင်း သတ်မှတ်ထားပါတယ်”လို့ ပြောပါတယ်။
၁၂ ဘီးကားယာဉ်မောင်း ဝေဖြိုးလှိုင်ကို မီးပေါ့ဆမှုကြောင့် ပုဒ်မ ၂၈၅ နဲ့ ဝမ်းတွင်းမြို့နယ် ရွှေတောင်ရဲစခန်းက အရေးယူထားပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)