Home
မြန်မာသတင်း
ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းရှိ တာပိန် မြစ်ကူးတံတားသစ် ဖွင့်လှစ်
DVB
·
February 28, 2017
ကချင်ပြည်နယ်၊ ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းကို ဆက်သွယ်ထားတဲ့ တာပိန် မြစ်ကူးတံတားကို ဖေဖော်ဝါရီ ၂၇ ရက်မနက်က ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင် ဦးဆောင်ပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဆိုပါတံတားကို ၂၀၁၆ မတ်လပိုင်းက စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ဘေလီသံဘောင်တံတားအမျိုးအစား ဖြစ်ပါတယ်။ ပေ ၃၂၀ ရှည်ပြီး ၂၄ ပေအကျယ် နှစ်လမ်းသွား အမျိုးအစား ဖြစ်ကာ တန် ၈၀ ထိ သွားလာနိုင်တယ်လို့ သိရပါတယ်။ တံတားမဆောက်လုပ်ခင်အချိန်က တာပိန်ကူး ကြိုးတံတားသာရှိခဲ့ပြီး ကားကြီးများ သွားလာလို့မရဘဲ ၁၀ တန်အောက် ကားများသာ သွားလာလို့ရတဲ့အတွက် ကုန်စည်စီးဆင်းမှုမှာ နှောင့်နှေးကြန့်ကြာတာတွေလည်း ဖြစ်ခဲ့ရပါတယ်။ တံတားဖွင့်ပွဲ ဖွင့်လှစ်တဲ့ အထိမ်းအမှတ်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ ဒေသခံ လူထု ၁ ထောင်ကျော်တို့ အတူတကွ တံတားပေါ်က ဖြတ်သန်းခဲ့ကြပါတယ်။ ပေးပို့ - ကိုသက်ထွန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024