Home
မြန်မာသတင်း
မွန်ဝန်ကြီးချုပ်ခန့်ရန် ပြည်နယ်လွှတ်တော်ခေါ်
DVB
·
February 28, 2017
  မွန်ပြည်နယ်ဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆိုဖို့အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေးကို မနက်ဖြန် မတ်လ ၁ ရက်မှာ ခေါ်ယူထားတယ်လို့ မော်လမြိုင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ပြောပါတယ်။ သမ္မတရုံးက ဝန်ကြီးချုပ် နာမည်ပါတဲ့ စာအိတ်ကို ဖေဖော်ဝါရီ ၂၇ ရက်မှာ လွှတ်တော်ကို ပေးပို့ထားပြီး အန်အယ်လ်ဒီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ပြောထားတဲ့ ဒေါက်တာအေးဇံပဲ ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ များတယ်လို့ ပြည်နယ်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ဖို့ ရေပန်းစားနေတဲ့ ဒေါက်တာအေးဇံကို ဆက်သွယ်ကြည့်တော့ ဖုန်း ပိတ်ထားပါတယ်။ အစိုးရသစ်သက်တမ်း ၁၀ လ ရှိတဲ့အချိန်မှာ မွန်ပြည်နယ်ဝန်ကြီး ဦးမင်းမင်းဦးက ရာထူးက နုတ်ထွက်ခွင့်ပြုဖို့ ဖေဖော်ဝါရီ ၂၀ ရက်မှာ သမ္မတထံ စာတင်ခဲ့ပြီး သမ္မတက ၂၃ ရက်မှာ နုတ်ထွက်ခွင့် ပြုခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်သွားတဲ့ ဦးမင်းမင်းဦးက သူ့အနေနဲ့ လုပ်သင့် လုပ်ထိုက်တဲ့အချိန်မှာ လုပ်သင့်တာ လုပ်လိုက်တာပဲ ဖြစ်တယ်လို့ ရာထူးက နုတ်ထွက်ရတဲ့ အကြောင်း ဒီဗွီဘီကို ပြောခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024