လိဂ်ဖလားသည် နည်းပြ မော်ရင်ဟိုအတွက် ၁၉ ခုမြောက်ဖလားဖြစ်

မန်ချက်စတာယူနိုက်တက်အသင်း ရရှိတဲ့ လိဂ်ဖလား ချန်ပီယံဆုဟာ နည်းပြ မော်ရင်ဟိုအတွက်တော့ နည်းပြလုပ်သက်အတွင်းမှာ ၁၉ ခုမြောက်ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။ နည်းပြ မော်ရင်ဟို မန်ယူအသင်းကို ပထမဆုံး ရောက်တဲ့နှစ်မှာပဲ ဖလားတလုံးကို ရယူပေးလိုက်တာပါ။ ပေါ်တူဂီသား နည်းပြဟာ သူကိုင်တွယ်တဲ့ အသင်းတိုင်းကို ချန်ပီယံဆု ရယူပေးတဲ့ အစဉ်အလာရှိတဲ့ နည်းပြလည်း ဖြစ်ပါတယ်။ သူဟာ ပေါ်တို၊ ချဲလ်ဆီး၊ အင်တာမီလန်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့မှာ နည်းပြလုပ်ခဲ့ပါတယ်။ အသက် ၅၄ နှစ်အရွယ် နည်းပြဟာ ဆုဖလားအနေနဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ ယူရိုပါလိဂ် ၁ ကြိမ်၊ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ လာလီဂါ ၁ ကြိမ်၊ စီးရီးအေ ၂ ကြိမ် စတဲ့ ဆုဖလားတွေ ရယူထားပါတယ်။ နည်းပြ မော်ရင်ဟိုရဲ့ မန်ယူအသင်းဟာ လက်ရှိ ဘောလုံးရာသီမှာလည်း ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေပါတယ်။ ဒါ့အပြင် အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ  ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up