ပြည်နယ်၊ တိုင်း ၄ ခုတွင် အပူချိန်မြင့်မည်
DVB
·
February 28, 2017
မနက်ဖြန်ကစလို့ မကွေး၊ ပဲခူး၊ ဧရာဝတီနဲ့ မွန်တို့မှာ အပူချိန်မြင့်မယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။
မတ် ၁ ရက်နဲ့ ၂ ရက်တို့မှာ မကွေးတိုင်း အနောက်တောင်ပိုင်း၊ ပဲခူးတိုင်း အနောက်မြောက်ပိုင်း၊ ဧရာဝတီတိုင်း အလယ်ပိုင်းနဲ့ မွန်ပြည်နယ် အလယ်ပိုင်းတို့မှာ အမြင့်ဆုံးအပူချိန် ၄၀ ကနေ ၄၂ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်နိုင်တယ်လို့ သူ့အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။
နွေရာသီကာလအဖွင့် အမြင့်ဆုံးအပူချိန်များ ဖြစ်တယ်လို့လည်း ဦးထွန်းလွင်က သတိပေးထားပါတယ်။