အသတ်ခံရသည့် ကင်ဂျုံနမ် ရင်ခွဲရုံဆေးစစ်ချက် မလေးရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးမည်

ဓာတ်ပုံ - ရိုက်တာ
မလေးရှားနိုင်ငံမှာ အသတ်ခံရတဲ့ ကင်ဂျုံနမ်ရဲ့ ရင်ခွဲရုံဆေးစစ်ချက် ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးမယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီးက ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပြောပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အဖေတူ အမေကွဲ ညီအစ်ကိုတော်စပ်သူ ကင်ဂျုံနမ်ဟာ ဖေဖော်ဝါရီလလယ်ပိုင်းက ကွာလာလမ်ပူလေဆိပ်မှာ အသတ်ခံရပြီး ကုလသမဂ္ဂအဖွဲ့က ပိတ်ပင်ထားတဲ့ အဆိပ်တမျိုးနဲ့ အသတ်ခံခဲ့ရတာပါ။ ရဲစစ်ချက်တွေနဲ့ ဆေးစစ်ချက်တွေက ကိုက်ညီမှုရှိပြီး ဒီဆေးစစ်ချက်တွေ ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်မယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။ ရင်ခွဲရုံစစ်ဆေးမှုမှာရော၊ ဆေးဝန်ထမ်းတွေရော ကျန်းမာရေး ပုံမှန်ပဲရှိတယ်။ ကင်ဂျုံနမ်ကို ဒီအန်အေစစ်ဆေးဖို့ ဆွေမျိုးတစုံတယောက်စီက နမူနာစ မရတာတခုပဲ အခက်အခဲဖြစ်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောဆိုတာပါ။ ကင်ဂျုံနမ်ရဲ့သားဖြစ်သူ ကွာလာလမ်ပူမြို့တော်ကို လာရောက်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပေမယ့် တဦးတယောက်ကမှ ဒီအန်အေ နမူနာစပေးဖို့ လာရောက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ အဆိပ်ပြင်းတဲ့အတွက် ကင်ဂျုံနမ်ဟာ မိနစ် ၂၀ အတွင်းမှာပဲ သေဆုံးတယ်လို့ ထင်တယ်။ လေဆိပ်ဆေးခန်းထဲမှာ သတိလစ်သွားပြီး လူနာတင်ယာဉ်ပေါ်မှာ သေဆုံးတယ်လို့ ပြောပါတယ်။ အဖမ်းခံထားရတဲ့ အင်ဒိုနီးရှားနိုင်ငံသူတယောက်လည်း အဆိပ်သင့်လို့ နေမကောင်းဖြစ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြကြပြီး သူနဲ့ ဆေးဝန်ထမ်းတဦးလည်း အဆိပ်သင့်မှုရှိ၊ မရှိ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up