Home
မြန်မာသတင်း
တအိမ် တယောက်နှုန်း မဲစာရင်းလာကြည့်ရန် ကော်မရှင် တိုက်တွန်း
ကိုမောင်
·
February 27, 2017
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ဒုတိယအကြိမ် မဲစာရင်းကပ်တဲ့အခါ ပြည်သူတွေအနေနဲ့ တမိသားစုကို တယောက်နှုန်း မဲစာရင်းလာကြည့်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးတင်ထွန်းက ဒီကနေ့  မီဒီယာတွေကို ပြောပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ဒုတိယအကြိမ်မဲစာရင်းကိုတော့ မတ်လ ၁၇ ရက်နေ့ကနေ ၃၀ ရက်အထိ လစ်လပ်မဲဆန္ဒနယ်တွေရှိ  ရပ်ကျေးကော်မရှင်ရုံးတွေမှာ ကြေညာသွားမှာ ဖြစ်ပါတယ်။ ပထမအကြိမ် မဲစာရင်းတွေကို ဇန်နဝါရီလ ၁ ရက်နေ့က စတင်ကြေညာရမှာ ကြည့်ရှုသူ နည်းပါးခဲ့ပြီး ပထမပတ်အတွင်း လာရောက်ကြည့်ရှုသူ  ၆ ရာခိုင်နှုန်းသာရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024