ကျပ် ၅၀၀ တန်ထီ အက္ခရာ အလုံး ၃၀ ဖြင့်ရောင်းချဖွင့်လှစ်မည်

ပထမအကြိမ် ကျပ် ၅၀၀ တန် ထီလက်မှတ်များကို မတ်လ ၁ ရက်ကစလို့ ရောင်းချပေးသွားမှာဖြစ်ပြီး ‘က’ အက္ခရာကနေ ‘သ’ အက္ခရာထိ အက္ခရာ အလုံး ၃၀ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ‘ကက’ အက္ခရာနဲ့လည်း အရန်ထီအဖြစ် ရောင်းချပေးမှာဖြစ်ပြီး အမြင့်ဆုံးထီဆု ကျပ်သိန်း ၁၀၀၀၀၊ ကျပ်သိန်း ၅၀၀၀ နဲ့ ကျပ်သိန်း ၁၀၀၀ ဆုများ ပါဝင်ပြီး အနိမ့်ဆုံးဆုက ကျပ် ၅၀၀၀၀ ဖြစ်တယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာပါတယ်။ အခု စတင်ဖွင့်လှစ်မယ့် ၅၀၀ တန်ထီကို ဧပြီ ၁ ရက်မှာ ဆုဖွင့်ပေးမှာ ဖြစ်ပါတယ်။ ဖွင့်လက်စ ကျပ် ၂၀၀ တန် ထီကိုလည်း ဆက်လက်ရောင်းချပေးမှာဖြစ်ပြီး ‘က’ အက္ခရာကနေ ‘ဂ’ အက္ခရာအထိသာ ဖွင့်လှစ်ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ၁၉၃၈ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ရောင်းချခဲ့တဲ့ အောင်ဘာလေထီကနေ အစိုးရက အခွန် ၃၁ ရာခိုင်နှုန်းပဲ ရတယ်လို့ မကြာသေးခင်က လုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အတွင်း ဘဏ္ဍာအခွန်ဌာနက ရှင်းလင်းပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up