အမေရိကန်တွင် ကားတစီးက အရှိန်ဖြင့် လူအုပ်ထဲ ၀င်တိုက်

အမေရိကန်ပြည်ထောင်စုတောင်ပိုင်းက နယူးအောလန်မြို့မှာ စနေနေ့ ညပိုင်းက လူအုပ်ထဲ ကားနဲ့ အရှိန်ပြင်းဝင်တိုက်မှုဖြစ်ခဲ့ပြီး လူ ၂၈ ဦးဒဏ်ရာရခဲ့ကြပါတယ်။ နာမည်ကျော် Mardi Gras ကာနီဗလ်ချီတက်ပွဲတော်မှာ လူတွေ ကြည့်နေတဲ့အချိန် ၀င်တိုက်ခဲ့တာဖြစ်ပြီး တချို့ဒဏ်ရာပြင်းထန်တယ်လို့ မြို့ခံရဲတပ်ဖွဲ့က ဆိုပါတယ်။ အရက်အလွန်အကျွံ မူးပြီး ၀င်တိုက်ခဲ့တဲ့ ကားမောင်းသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး အကြမ်းဖက်တိုက်ခိုက်မှုတော့ မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့ကပြောဆိုပါတယ်။ Pick-up ကားမောင်းသူဟာ လူအုပ်ထဲ ၀င်မတိုက်ခင် အမှိုက်ကားတစီးအပါအ၀င် တခြားကားတွေကိုလည်း တိုက်ခဲ့ပြီး အတိုက်ခံရသူ ၅ ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့လည်း ဒေသခံရဲမှူးကြီးက ပြောဆိုပါတယ်။ နယူးအောလန်မြို့ဟာ လူဝီစီးယားနားပြည်နယ်ရဲ့အကြီးဆုံးမြို့ကြီးဖြစ်ပြီး လာမယ့် အင်္ဂါနေ့ဟာ Mardi Gras ကာနီဗလ်ပွဲတော်နေ့လည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up