Home
မြန်မာသတင်း
ထိုင်း-မြန်မာနှစ်နိုင်ငံ Water Scooter စီးနှင်းသရုပ်ပြပွဲ ပြုလုပ်
DVB
·
February 26, 2017
ကော့သောင်းမြို့ မြို့မတံတားရှေ့မှာ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ခရီးသွားမြှင့်တင်တဲ့အနေနဲ့ jetski Water Scooter စီးနှင်းသရုပ်ပြပွဲကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ နယ်မြေခံခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Grand Andaman Travel & Tour Co, Ltd က စီစဉ်တာဖြစ်ပြီး မြန်မာနဲ့ ထိုင်းတို့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ Jetski (Water Scooter) စီးနင်းသရုပ်ပြအစီအစဉ်ကို မြို့မဗောတံတားအရှေ့ ပါချန်ပင်လယ်ပြင်အတွင်း Water Scooter တွေ  စီးနှင်းသရုပ်ပြသခဲ့ပါတယ်။ သရုပ်ပြစီးနင်းမှု အစီအစဉ်ကို ထိုင်းနိုင်ငံ YAMAHA ကုမ္ပဏီက Water Scooter ၂၂စီးနဲ့  စီး နင်းသရုပ်ပြသသူ အယောက် ၄၀ က ကော့သောင်းခရိုင် အက်ဒမန်ပင်လယ်ပြင်အတွင်းရှိ ကျွန်းပတ်ဝန်းကျင်တွေအထိ တနေ့တာ စီးနင်းသရုပ်ပြသတာ ဖြစ်ပါတယ်။ အစီအစဉ်ကို  အာဆီယံမိသားစုဝင် နိုင်ငံတွေကြား ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲရေး၊ နှစ်နိုင်ငံ နယ်စပ် ခရိုင်တွေက ပြည်သူတွေ အပြန်အလှန် ခရီးသွားလာမှုလုပ်ငန်း၊ နယ်စပ်ကုန်သွယ်မှု လုပ်ငန်း တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ် ကျင်းပတာ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - လတ်ကိုကို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024