ရာဇဝတ်မှု၊ မီးလောင်မှုများကို သိရှိကူညီနိုင်မည့် စက်ရုပ်ရဲ (ရုပ်သံ)

ရာဇဝတ်မှုတွေနဲ့ မီးလောင်မှုတွေကို သိရှိနိုင်မယ့် နေအိမ်ရဲ့နေရာကိုတောင် လမ်းညွှန်ပေးနိုင်မယ့် စက်ရုပ်ရဲတွေ လက်တွေ့ဘဝထဲမှာ တွေ့မြင်နေရပြီလို့ မေရာရဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။ အန်ဘော့တ် (Anbot) လို့ အမည်ပေးထားတဲ့ စက်ရုပ်ရဲတွေဟာ လက်တလောအချိန်မှာ တရုတ်နိုင်ငံရဲ့ လမ်းတွေပေါ်မှာ ကင်းလှည့်စောင့်ကြပ်နေကြပါပြီ။ ဒီစက်ရုပ်ရဲတွေဟာ ဘယ်တော့မှ ပင်ပန်းခြင်းဖြစ်မှာမဟုတ်သလို အနားယူဖို့လည်း မလိုအပ်ပါဘူး၊ လိုအပ်တဲ့အချိန်တိုင်းမှာ မရပ်နားပဲတစ်ရပ်စပ် ကင်းလှည့်စောင့်ကြည့်နေမှာပါလို့ ဆိုပါတယ်။ ဆိုင်းရန့်တိုင်းမ်စ်သတင်းရဲ့ အဆိုအရ ဒီစက်ရုပ်တွေမှာ ရဲတွေက အလိုရှိမယ့် သံသယရှိသူတွေကို ခြေရာခံဖို့ အထောက်အပံ့ဖြစ်တဲ့ မျက်နှာမှတ်မိတဲ့ ဆော့ဖ်ဝဲလ်ကို ထည့်သွင်းတည်ဆောက်ထားပြီး စက်ရုပ်တွေဟာ “လုံခြုံရေးအရာရှိတွေ” လို ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။ အကယ်၍ လမ်းပျောက်နေရင် ကိုယ်သွားချင်တဲ့ နေရာတစ်ခုကို ရှာဖွေချင်ရင် စက်ရုပ်ရဲတွေက လမ်းညွှန်ပေးမှာဖြစ်ပြီး အရေးပေါ်မီးလောင်တဲ့နေရာအတွက်လည်း ပြသပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် စက်ရုပ်ရဲကိရိယာတွေက လေအပူချိန်ကို စောင့်ကြည့်နိုင်အောင် လုပ်ပေးနိုင်မှာလို့ ဆိုပါတယ်။ စက်ရုပ်ရဲတွေဟာ ၁.၆ မီတာလောက် အရပ်ရှည်ပြီး စက်ရုပ်မှာပါတဲ့ ကင်မရာနဲ့ အသံလမ်းညွှန်ချက်တွေကို သုံးပြီး သူ့တို့ကိုယ်တိုင် ရွေ့လျားလို့ရတယ်လို့ သိရပါတယ်။ လူထုကို ကူညီတဲ့အခါ ဘယ်လောက်အကျိုးရှိသလဲ စစ်ဆေးဖို့ တရုတ်နိုင်ငံ၊ ဟန်နန်ခရိုင် Zhengzhou အရှေ့ဘက်မီးရထား ဘူတာရုံတွေမှာ စက်ရုပ်ရဲတွေကို ထားတယ်လို့ သိရပါတယ်။ စက်ရုံတွေကို ပိုမိုတိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်မှုတွေထဲမှာ ခြိမ်းခြောက်မှုအခြေအနေတွေကို စုံစမ်းတဲ့ စွမ်းရည် ဆန့်ကျင်တဲ့လူအုပ်စုကို ထိန်းချုပ်ရာမှာ အထောက်အကူဖြစ်တဲ့ “ဆူပူမှုဆန့်ကျင်ရေး ကိရိယာ” စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up