Home
မြန်မာသတင်း
ချင်းမိုင်မြို့တွင် ရှမ်းလူမျိုးအဆင့် နိုင်ငံရေးအကြို ဆွေးနွေး
DVB
·
February 25, 2017
လာမယ့်မတ်လမှာ ကျင်းပဖို့ရှိနေတဲ့ ၂၁ ရာစုညီလာခံ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်ဆွေးနွေးနိုင်ဖို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လူမျိုးအလိုက် ရှမ်းလူမျိုးအဆင့် နိုင်ငံရေးအကြို ဆွေးနွေးပွဲ ကျင်းပနေပါတယ်။ ဒီဆွေးနွေးပွဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊ မြေယာနဲ့ သဘာဝသယံဇာတ စတဲ့ခေါင်းစဉ်တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်ရောက် ရှမ်းတိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားတွေကို ကောက်ယူနေတာပါ။ ဒီဆွေးနွေးပွဲကို သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အဖွဲ့က ဦးစီးကျင်းပတာ ဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာတော့ ချင်းမိုင်မြို့မှာရှိတဲ့ ရှမ်းတိုင်းရင်းသား ၃၀၀ လောက်တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲကနေရလာတဲ့ ဆွေးနွေးချက်တွေကို ရှမ်းအမျိုးသား အဆင်နိုင်ငံရေးဆွေးနွေးပွဲမှာ ဆက်လက်ပြဆွေးနွေးမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024