ချင်းမိုင်မြို့တွင် ရှမ်းလူမျိုးအဆင့် နိုင်ငံရေးအကြို ဆွေးနွေး

လာမယ့်မတ်လမှာ ကျင်းပဖို့ရှိနေတဲ့ ၂၁ ရာစုညီလာခံ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်ဆွေးနွေးနိုင်ဖို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လူမျိုးအလိုက် ရှမ်းလူမျိုးအဆင့် နိုင်ငံရေးအကြို ဆွေးနွေးပွဲ ကျင်းပနေပါတယ်။ ဒီဆွေးနွေးပွဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊ မြေယာနဲ့ သဘာဝသယံဇာတ စတဲ့ခေါင်းစဉ်တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်ရောက် ရှမ်းတိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားတွေကို ကောက်ယူနေတာပါ။ ဒီဆွေးနွေးပွဲကို သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အဖွဲ့က ဦးစီးကျင်းပတာ ဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာတော့ ချင်းမိုင်မြို့မှာရှိတဲ့ ရှမ်းတိုင်းရင်းသား ၃၀၀ လောက်တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲကနေရလာတဲ့ ဆွေးနွေးချက်တွေကို ရှမ်းအမျိုးသား အဆင်နိုင်ငံရေးဆွေးနွေးပွဲမှာ ဆက်လက်ပြဆွေးနွေးမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up