Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ရဲတပ်ဖွဲ့ဝင်များကို တပ်မတော်မှ တိုက်ပွဲဝင်သင်တန်းပို့ချ
DVB
·
February 25, 2017
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရဲတပ်ဖွဲ့စခန်းတွေက ရဲတပ်ဖွဲ့ဝင် ၅၀ ကျော်ကို အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသရှိ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တိုင်းဗဟို ၅) မှ တပ်ဖွဲ့ဝင်တွေက တိုက်ပွဲဝင် သင်တန်း ပို့ချပေးနေပါတယ်။ "သင်တန်းကာလမှာ (၁) လ ဖြစ်ပါတယ်။ သင်တန်းမှာ နောက်ဆုံးပေါ်လက်နက်ငယ်တွေကို ရဲတပ်ဖွဲ့ဝင်တွေ အသုံးပြုနိုင်ဖို့နဲ့ တိုက်ပွဲဝင်နိုင်ဖို့တွေ၊ မိုင် ၃၀ ချီတက်တာတွေ စတဲ့ လေ့ကျင့်ခန်းတွေကို ကွင်းကောက်တပ်မတော် တန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ် ဒုဗိုလ်မှူး ကြီး ဇာနည်ရှိန်း ဦးဆောင်ပြီး သင်တန်းပို့ချပေးနေတယ်လို့" မဲဇလီကုန်းစခန်းအပိုင်း မကျည်းပင်ကွင်းရဲကင်းမှူး ရဲတပ်ကြပ်ကြီး စံရင်က ဒီဗွီဘီကို ပြောပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့ စတင်သင်တန်းပေးနေတာဖြစ်ပြီး သင်တန်းမှာ ရဲတပ်ဖွဲ့ဝင်တွေထဲက တပ်သားအဆင့်ကနေ မြို့နယ်မှူးအဆင့်အထိ ပါဝင်ကြပါတယ်။ ကွင်းကောက် တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်းကနေ ဧရာဝတီတိုင်းအတွင်းက တပ်မတော်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အခြားသင်တန်းတွေလည်း ပုံမှန်ပို့ချပေးနေပါတယ်။ သတင်းဓာတ်ပုံ - သန်းထိုက်မြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024