လက်စတာနည်းပြရာထူးအတွက် မန်ချီနီ ရေပန်းစားနေ

လက်စတာနည်းပြရာထူးကနေ ထုတ်ပယ်လိုက်တဲ့ နည်းပြ ယာနီရေးရီရဲ့ နေရာအတွက် အီတလီ နည်းပြ မန်ချီနီကို ခန့်အပ်မယ်လို့ ရေပန်းစားနေပါတယ်။ နည်းပြ ယာနီရေးရီဟာ ပြီးခဲ့တဲ့နှစ်က လက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီဖြစ်အောင် စွမ်းဆောင်ခဲ့ပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ တန်းဆင်းဇုန်နားရောက်နေတဲ့အတွက် အခုလိုက်ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နည်းပြသစ်ခန့်အပ်ရခြင်းမရှိသေးခင်မှာ လက်ထောက်နည်းပြ ရှိတ်စပီးယားနဲ့စတောဝဲလ်တို့ က ယာယီကိုင်တွယ်သွားမှာဖြစ်ပါတယ်။ လက်စတာနည်းပြရာထူးအတွက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ မန်စီးတီးနဲ့အင်တာမီလန်နည်းပြဟောင်း မန်ချီနီကို ခန့်အပ်မယ်လို့ ရေပန်းစားနေတာဖြစ်ပါ တယ်။ မန်ချီနီရဲ့နောက်မှာ ရုရှားနည်းပြ ဂူဟင့်ဒင့်၊ မြောက်အိုင်ယာလန်နည်းပြ အိုနေးလ်တို့လည်း လက်စတာနည်းပြဖြစ်လာမယ်လို့ အစဉ်လိုက်ရေပန်းစားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up