Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁၃ သန်းကျော် သုံးရန် ခွင့်ပြု
DVB
·
February 24, 2017
  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းများအတွက် အမေရိကန်ဒေါ်လာ ၁၃ သန်းကျော် သုံးစွဲခွင့် ပြုလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်ကလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့စည်းဝေးပွဲက ခွင့်ပြုခဲ့တာဖြစ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC အတွက် ၂.၅ သန်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)သုံးဖို့ ၆.၅ သန်း၊ NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ရုံးလုပ်ငန်းအတွက် ၄.၇ သန်း ဖြစ်ပါတယ်။ စည်းဝေးပွဲကို အစိုးရ၊ ငြိမ်းချမ်းရေးကော်မရှင်၊ တပ်မတော်၊ အန်စီအေလက်မှတ်ထိုးပြီး တိုင်းရင်းသား တပ်ဖွဲ့၊ အပစ်မရပ်တပ်ဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးရန်ပုံငွေ ခွဲဝေသုံးစွဲရေး အပါအ၀င် အချက် ၆ ချက်ကို စည်းဝေးပွဲက သဘောတူခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ပါတယ်။ ဒီထဲမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်းအတွက် NRPC ရဲ့ ခွင့်ပြုရန်ပုံငွေကို အမြင့်ဆုံး နှုန်းထားကျပ် သိန်း၆၀၀ သတ်မှတ်ဖို့လည်း ပါဝင်ပါတယ်။ ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024