Home
မြန်မာသတင်း
ကောလင်းမြို့ နေအိမ်တလုံးတွင် ရွှေထည်နှင့်ငွေ ကျပ်သိန်း ၁၄၀ ကျော်ဖိုး ခိုးယူခံရ
DVB
·
February 23, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့၊ သုဝဏ္ဏရပ်ကွက်ရှိ နေအိမ်တအိမ်မှာ ငွေကျပ် သိန်း ၁၄၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေနဲ့ ၁ သောင်းတန် ငွေစက္ကူတွေ ခိုးယူခံခဲ့ရတယ်လို့ ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီက ကောလင်းမြို့ သုဝဏ္ဏရပ်ကွက်နေ ဦးခင်မောင်မြင့်ဟာ ကန်ပေါက်ကြီးရွာကို ထင်းတိုက်သွားခဲ့ရာ မနက် ၁၁ နာရီလောက်မှာ ဇနီးဖြစ်သူ မစန္ဒာဝင်းက နေအိမ်အတွင်း သူခိုးဝင်ခိုးသွားတယ်လို့ ဖုန်းဆက် အကြောင်းကြားလို့ အိမ် ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။ အိပ်ခန်းထဲက သေတ္တာထဲမှာ သိမ်းဆည်းထားတဲ့ ၁ သောင်းတန် ငွေစက္ကူအရွက် ၂၀၊ အောင်သမာဓိတံဆိပ်ပါ ၁၀ ကျပ်သား ရွှေတုံး ၁ တုံး၊ သံကြိုးပုံ ၂ ကျပ်သားခန့်ရှိ ရွှေဆွဲကြိုး ၁ကုံး၊ ၁ ကျပ်သားလောက်ရှိ ပွတ်လုံး ရွှေလက်ကောက် ၂ ကွင်း၊ ကျောက်ပြားပါ ၁ မတ်သားလောက်ရှိ ရွှေလက်စွပ် ၁ ကွင်း နဲ့ ကျောက်နီ ၅ လုံးတပ် ရွှေဆွဲသီး ၁ ခု၊ စုစုပေါင်း ၁၄၆ သိန်းကျပ်ခန့်တန်ဖိုးရှိ ပစ္စည်းတွေ ပျောက်ဆုံးသွားလို့ တရားခံအား စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ တိုင်ကြားထားတယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကောလင်းမြို့မရဲစခန်းမှ(ပ) ၁၁၉/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ-၃၈၀ အရ အရေးယူဆောင်ရွက်နေပြီး နေအိမ်အတွင်းကို ဝင်ရောက်ပြီး ပစ္စည်းများခိုးယူသူကို စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024