'အိုစာမု ဒဇအိ' ၏ ဂန္ထဝင်ဝတ္ထုတိုများ စာအုပ်မိတ်ဆက်ပွဲ
DVB
·
February 23, 2017
ဂျပန်-မြန်မာ ယဉ်ကျေးမှုအစီအစဉ်အရ ထုတ်ဝေတဲ့ 'အိုစာမု ဒဇအိ' ၏ ဂန္ထဝင်ဝတ္ထုတိုများ စာအုပ်မိတ်ဆက်ပွဲနဲ့ လှူဒါန်းပွဲကို ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲကို ရန်ကုန်မြို့ ကုန်သည်လမ်းမှာရှိတဲ့ စာပေဗိမာန် အစည်းဝေးခန်းမမှာ နေ့လယ် ၁ နာရီက စတင်ကျင်းပခဲ့တာပါ။
ဂျပန်စာပေတွေကို အာရှဒေသတွေမှာ ဖွံ့ဖြိုးစေဖို့ ရည်ရွယ်ချက်နဲ့ ဂျပန်နိုင်ငံရဲ့ နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိတဲ့ The Daido Life Foundation အသက်အာမခံကုမ္ပဏီက လှူဒါန်းတာ ဖြစ်ပါတယ်။
ဒီစာအုပ်ကို Quality Publishing House က ထုတ်ဝေပြီး အစိုးရစာကြည့်တိုက်တွေ၊ ကိုယ်ထူ ကိုယ်ထ စာကြည့်တိုက်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း လှူဒါန်းခဲ့ပါတယ်။