Home
မြန်မာသတင်း
မွေးစားထားသည့် ကလေးငယ် ၄ ဦးအား အဓမ္မပြုကျင့်သူကို ရုံးထုတ်
DVB
·
February 23, 2017
ဗိုလ်တထောင်မြို့နယ်ရှိ နေအိမ်တအိမ်မှာ ခေါ်ယူမွေးစားထားတဲ့ အသက် ၇ နှစ်အောက် မိန်းကလေး ၄ ဦးအား အဓမ္မပြုကျင့်ခဲ့သူကို အရှေ့ပိုင်း ခရိုင်တရားရုံးမှာ ပထမအကြိမ် ရုံးထုတ် စစ်ဆေးမှာ ဖြစ်ပါတယ်။ ပြစ်မှု ကျူးလွန်သူ လှမိုး(ခ)နီတွတ်ကို ဗိုလ်တထောင်ရဲစခန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၇၆ နဲ့ အမှုဖွင့်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်း လှမိုးက ဝန်ခံထားပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ ကလေးငယ်လေးဦးမှာ အသက် ၇ နှစ် အရွယ်တစ်ဦး၊ အသက် ၅ နှစ်အရွယ်နှစ်ဦး၊ အသက် ၃ နှစ်ခန့် အရွယ်တစ်ဦးတို့ ဖြစ်ပြီး  ကလေးငယ်တွေကို မွေးစားတဲ့ အမျိုးသမီးရဲ့ ယာဉ်မောင်း လှမိုး(ခ)နီတွတ်က အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်တထောင်မြို့နယ် လမ်းသွယ်(၂)ရှိ တိုက်ခန်းတခန်းမှာ နေထိုင်တဲ့ ပိုင်ရှင် ဒေါ်ခမ်း ဆိုတဲ့အမျိုးသမီးတဦးက အသက် ၃ နှစ်ကနေ ၇ နှစ်အရွယ်ကြားရှိ မိန်းကလေး ၄ ဦးနဲ့ အသက် ၁၁ နှစ်နဲ့ အသက် ၅ နှစ်အရွယ် ယောက်ျားလေး ၃ ဦးကို မွေးစားထားရာ ကလေးငယ်တွေကို ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့အတွက် ရပ်ကွက်နေပြည်သူတွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ သတင်း-စိုးယုဇော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024